THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


August 2017 Events


RAI2E - Expert အား လက်ခံတွေ့ဆုံခြင်း

၂၀၁၇ ခုနှစ် သြဂုတ် ၇ ရက် မွန်းလွဲ ၂:၄၅ နာရီတွင် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူသည် Dr. Michael O' Dwyer, Independent Expert, Regional Artemisinin Initative 2. Elimination (RAI2E) အား ဇီဝဆေးပညာသုတေသနအစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)/ကျွမ်းကျင် ဒေါက်တာခင်လင်း၊ ဒုတိယညွှန်ကြားရေးမှူး/ ဌာနခွဲမှူး ဒေါက်တာကေသွယ်ဟန်၊ WHO Myanmar Office မှ Dr. Mohammad Mushfiqur Rahman, Technical Officer (Malaria) နှင့် WHO Cambodia Office မှ Ms. Amelie Joubert, RSC Executive Secretary တို့ တက်ရောက်ကြ၍ RAI2E(2018-2020) အစီအစဉ်တွင်ဦးစားပေး ဆောင်ရွက်ရမည့် ငှက်ဖျားသုတေသန ဧရိယာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။



ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပပြုလုပ်ခြင်း “Good Laboratory Practice”& “How to Win a Scholarship”

သုတေသန စွမ်းအားမြှင့်တင်ခြင်း (Research Capacity Strengthening) အထောက် အကူပြု ဌာနတွင်း ဗဟုသုတ မျှဝေခြင်းအစီအစဉ် (Knowledge Sharing Program) အရ ပညာရပ်ဆိုင်ရာ ဟောပြောပွဲ အခမ်း အနားကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁) တွင် ၂၀၁၇ ခုနှစ် သြဂုတ် ၉ ရက် နေ့လယ် ၁:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ဇီဝဓါတုဗေဒသုတေသနဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာကြေးမုံထွေးက သဘာပတိအဖြစ်လည်းကောင်း၊ ကပ်ပါးပိုးဗေဒ သုတေသန ဌာနခွဲမှ သုတေသနလက်ထောက်-၂ ဦးဝင်းဌေးလှိုင်က အခမ်းအနားမှူးအဖြစ် လည်းကောင်း အသီးသီးဆောင် ရွက်ခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာ မို့မို့ထွန်းက “Good Laboratory Practice” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦး လွင်ရုံးခွဲ) ကူးစက်ရောဂါဗေဒသုတေသနဌာနခွဲမှ သုတေသနမှူး ဒေါက်တာဖြူဖြူသင်းဇော်က “How to Win a Scholarship ”ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြခဲ့ကြရာ တက်ရောက်လာသူ ဝန်ထမ်းများမှ သိလိုသည်များ ကို စိတ်ဝင်စားစွာမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ ပညာရှင်များကလည်း ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပါသည်။

အထက်ပါ ဟောပြောပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာ လှိုင်မြတ်သူနှင့် ညွှန်ကြား ရေးမှူးအဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း (၉၉) ဦး တက်ရောက် ခဲ့ကြပါသည်။


သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပခြင်း “Influenza A (H1N1) pdm09 Virus: Is it a New Threat to People?” & “Study Tour to Hepatitis B Vaccine Manufacturing Industry”

၂၀၁၇ ခုနှစ် သြဂုတ် ၁၁ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် သုတေသန ပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ဆေးသု တေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာစာကြည့်တိုက်အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် သဘာပတိအဖြစ် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာ ဝင်းမော်ထွန်းက ဆောင်ရွက်ပြီး မိတ်ဆက် အမှာစကား ပြောကြားပါသည်။ ထို့နောက် ဗိုင်းရပ်ဗေဒသုတေသနဌာနခွဲမှ သုတေသနမှူး ဒေါက်တာထင်လင်းက “Influenza A (H1N1) pdm09 Virus: Is it a New Threat to People?” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အရည်အသွေးအာမခံရေးဌာနခွဲမှ သုတေသနမှူး ဒေါ်စန္ဒာညွန့်က “Study Tour to Hepatitis B Vaccine Manufacturing Industry” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောတင်ပြကြရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးမေးမြန်း ခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနမှ ဒေါက်တာ ဥမ္မာဆွေတင် အထူးကုဆရာဝန် (အဏုဇီဝဗေဒ)နှင့် တပ်မတော် ဆေးတက္ကသိုလ် မော်လီကျူးဆိုင်ရာ ဇီဝနည်းပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် ၃/၂၀၁၇ မှ သင်တန်းသားများ အပါအဝင် စုစုပေါင်း(၁၀၄) ဦး တက်ရောက် ခဲ့ကြပါသည်။



ရာသီတုပ်ကွေး A (H1N1) ရောဂါကာကွယ်နှိမ်နှင်းရေးအသိပေးဆွေးနွေးပွဲသို့ တက်ရောက်ဟောပြောခြင်း

၂၀၁၇ ခုနှစ် သြဂုတ် ၁၂ ရက် နံနက် ၁၀:၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်သည့် ရာသီတုပ်ကွေး A (H1N1) ရောဂါကာကွယ်နှိမ်နှင်းရေး အသိပေးဆွေးနွေးပွဲသို့ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ တက်ရောက်ခဲ့ ပါသည်။

အခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်ခင်က အဖွင့်အမှာ စကားပြောကြားပြီး၊ ဆေးသုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူက ရာသီတုပ်ကွေး A (H1N1) ရောဂါနှင့် ပတ်သက်သည့် သုတေသန ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြား ခဲ့ပါသည်။ ထို့အပြင် အခြားဦးစီးဌာနများမှ ဒေါက်တာသန်းထွန်းအောင်၊ ဒေါက်တာသန်းသန်းမြင့်နှင့် ဒေါက်တာ စိုးလွင်ငြိမ်းတို့ကလည်း ရာသီတုပ်ကွေး A (H1N1) ရောဂါကာကွယ်တားဆီးရေး ကိစ္စရပ်များကို ဆွေးနွေးပြော ကြားခဲ့ကြပါသည်။ တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြပြီး အခမ်း အနားကို နေ့လယ် ၁၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) မှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၆၇)ဦး၊ ပြင်ဦးလွင်ဆေးရုံကြီးမှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြင်ဦးလွင်မြို့မှ ဒေသခံများတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။


ဓာတ်ခွဲခန်းနည်းပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပခြင်း “Gas Chromatography Mass Spectrometer”

၂၀၁၇ ခုနှစ် သြဂုတ် ၁၅ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် မြန်မာနိုင်ငံ Zizawa Co., Ltd နှင့် မိတ်ဖက်ဖြစ် သော စင်္ကာပူနိုင်ငံ Agilent Technologies Pte Ltd တို့ ပူးပေါင်းစီစဉ်သည့် ဓာတ်ခွဲခန်းနည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ဆေးသုတေသန ဦးစီးဌာန အဆင့်မြင့်မော်လီကျူး သုတေသနဌာနအစည်းအဝေးခန်းမ(၂)၌ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံZizawa Co., Ltd မှ ဒေါက်တာစောမရအောင်က အဖွင့်မိတ်ဆက် အမှာ စကားပြောကြားပါသည်။ ထို့နောက် စင်္ကာပူနိုင်ငံAgilent Technologies Pte Ltd မှ Mr. Vincent Lim, Channel Partner Manager က “Agilent Technologies Laboratory Solutions Sales Overview” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံ Agilent Technologies Ltd.မှ Ms. Boonraksa Srisawang, GC-MS Solutions Development Manager က “Gas Chromatography Mass Spectrometer” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ တက်ရောက် လာကြသူများက စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး/ ဌာနခွဲမှူးများ၊ သုတေသီပညာရှင်များ စုစုပေါင်း(၅၄) ဦး တက်ရောက်ခဲ့ကြပါသည်။



သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပခြင်း “One Health Concept”& “PREDICT-2/ Myanmar; A Collaborative Research Project between Department of Medical Research and Smithsonian Conservation Biology Institute”

၂၀၁၇ ခုနှစ် သြဂုတ် ၁၆ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် သုတေသန ပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ဆေးသုတေသနဦးစီးဌာန အဆင့်မြင့် မော်လီကျူး သုတေသနဌာန အစည်းအဝေး ခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါဟောပြောပွဲတွင် သဘာပတိအဖြစ် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာမို့မို့ထွန်းကဆောင်ရွက်ပြီး မိတ်ဆက်အမှာစကားပြောကြားပါသည်။ ထို့နောက် အမေရိကန်ပြည် ထောင်စု Smithsonian Conservation Biology Institute မှ Dr. Marc T. Valitutto, VMD Global Health Program, Myanmar Project Liaison & Wildlife Veterinary Medical Officer က “One Health Myanmar” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ဗိုင်းရပ်ဗေဒ သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူး ဒေါက်တာသိင်္ဂီဝင်းမြတ်က “PREDICT-2/ Myanmar; A Collaborative Research Project between Department of Medical Research and Smithsonian Conservation Biology Institute”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ တက်ရောက် လာကြသူများက စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေး မေးမြန်းခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး/ ဌာနခွဲမှူးများ၊ သုတေသီပညာရှင်များနှင့် Smithsonian Conservation Biology Institute မှတာဝန်ရှိသူများ စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ကြ ပါသည်။


သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပခြင်း “Genetic Characterization of ESBL Producing Extraintestinal Pathogenic Escherichia coli ” & “Next Generation Sequencing Analysis on Pathogens of Tropical Diseases”

၂၀၁၇ ခုနှစ် သြဂုတ် ၁၈ ရက် မွန်းလွဲ ၁:၃၀ နာရီတွင် သုတေသန ပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ဆေးသုတေသနဦးစီးဌာန အဆင့်မြင့် မော်လီကျူး သုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါဟောပြောပွဲတွင် သဘာပတိအဖြစ် ပါမောက္ခ ဒေါက်တာဝင်းဝင်းမော်၊ အဏုဇီဝဗေဒဌာန၊ ဆေး တက္ကသိုလ်(၂)ရန်ကုန်က ဆောင်ရွက်ပြီး မိတ်ဆက်အမှာစကား ပြောကြားပါသည်။ ထို့နောက်ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ အဏုဇီဝဗေဒ ဌာနမှ ကထိက ဒေါက်တာနီလာစန်းက “Genetic Characterization of ESBL Producing Extraintestinal Pathogenic Escherichia coli ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးသုတေသန ဦးစီးဌာန၊ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ သုတေသနမှူး ဒေါက်တာအောင်ဇော်လတ်က “Next Generation Sequencing Analysis on Pathogens of Tropical Diseases” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးမေးမြန်းခဲ့ကြ ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူးများ၊ သုတေသီပညာရှင် များ၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်နှင့် ဆေးတက္ကသိုလ်(၂) ရန်ကုန်တို့မှ အဏုဇီဝဗေဒပညာရှင်များ စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ကြပါသည်။


သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပခြင်း “Serological Diagnostics of EBV Infection and Avidity”& “The Importance of TORCH Diagnostics during Fertility Testing and Pregnancy in SEA”

၂၀၁၇ ခုနှစ် သြဂုတ် ၁၈ ရက် မွန်းလွဲ ၂:၃၀ နာရီတွင် မြန်မာနိုင်ငံအခြေစိုက် Nang Shwe Yin & Group Co., Ltd နှင့် EUROIMMUN Co., တို့ပူးပေါင်းစီစဉ်သော သုတေသန ပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ဆေးသုတေသနဦးစီးဌာန အဆင့်မြင မော်လီကျူး သုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် EUROIMMUN (South East Asia) Pte. Ltd မှ Regional Engineer, Mr. Huang Xing Yu က EUROIMMUN Co., နှင့် ပတ်သက်၍ မိတ်ဆက်အမှာစကား ပြောကြားပါသည်။ ထို့နောက် Ms. Andrea Goh, Product Manager က “Serological Diagnostics of EBV Infection and Avidity”& “The Importance of TORCH Diagnostics during Fertility Testing and Pregnancy in SEA” ခေါင်းစဉ်တို့ဖြင့် ရှင်းလင်း ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး/ ဌာနခွဲမှူးများ၊ သုတေသီ ပညာရှင်များ စုစုပေါင်း(၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။


အေးခဲခြောက်မြွေဆိပ်ဖြေဆေး (Freeze Dried ASV) ၏Effectiveness ကို လေ့လာရန် မြွေကိုက်သုတေသနပညာရပ်ဆိုင်ရာအဖွဲ့ အထူးအစည်းအဝေးကျင်းပခြင်း

၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် အေးခဲခြောက်မြွေဆိပ်ဖြေဆေး(Freeze Dried ASV) ၏ Effectiveness ကို လေ့လာရန် မြွေကိုက်သုတေသနပညာရပ်ဆိုင်ရာအဖွဲ့ အထူးအစည်းအဝေးကို ဇီဝဆေးပညာသုတေသနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်က အစည်းအဝေး ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းတင်ပြပြီး စမ်းသပ်စစ်ဆေးမှုများ အတွက် လိုအပ်မည့် Sample များ၊ စမ်းသပ်စစ်ဆေးရမည့် Test များ၊ ကြာမြင့်မည့်အချိန်ကာလတို့ကို ညှိနှိုင်း ဆွေးနွေးကြရန်ဖြစ်ကြောင်းတင်ပြပါသည်။

ထို့နောက် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)/ ပညာရှင် ဒေါက်တာ၀င်းအောင် က စက်မှု၀န်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံမှ မြွေဆိပ် ဖြေဆေးများနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြပါသည်။ ဆက်လက်၍ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း)/ပညာရှင် ဒေါက်တာထွန်းဖေက WHO Guideline ကိုမှီငြမ်း၍ Standard Method များကို အသုံးပြု စစ်ဆေးသင့်ကြောင်း၊ ထည့်သွင်း စမ်းသပ်သင့်သည့် Test များ အကြောင်းကို လမ်းညွှန်အကြံပြုပါသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် စက်မှုဝန်ကြီးဌာနမှ လတ်တလော ပေးပို့ထားသောမြွေဆိပ် ဖြေဆေးများနှင့်ပတ်သက်၍ စမ်းသပ်စစ်ဆေးထားရှိမှုကို ရှင်းလင်းတင်ပြပါသည်။

ထို့နောက်ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာ၀င်းမော်ထွန်းက ဆွေးနွေးတင်ပြပြီး၊ မြွေကိုက်သုတေသန ပညာရပ်ဆိုင်ရာအဖွဲ့၊ အဖွဲ့ ခေါင်းဆောင်၊ ဒုတိယညွှန်ကြားရေးမှူး/ ဌာနခွဲမှူး ဒေါက်တာသက်သက်မာ၊ အဖွဲ့၀င်၊ သုတေသနမှူး/ ဌာနခွဲမှူး ဒေါက်တာအေးဝင်းဦးတို့က ဆက်လက်ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)/ ပညာရှင် ဒေါက်တာ၀င်းအောင်က အေးခဲခြောက်မြွေဆိပ် ဖြေဆေး (Freeze Dried Anti-Snake Venom) ကို စမ်းသပ် စစ်ဆေးရန်အတွက် တင်ပြသောဆောင်ရွက်ရ မည့်အချက်အလက်များကို တက်ရောက်လာသူများက အတည်ပြုပြီး သဘောတူကြပါသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)ဒေါက်တာခင်ချစ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)/ပညာရှင် ဒေါက်တာ၀င်းအောင်၊ ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာ ၀င်းမော်ထွန်း၊ ညွှန်ကြားရေးမှူး(အထွေထွေစီမံခန့်ခွဲရေး) ဒေါက်တာတင်ဦး၊ ညွှန်ကြားရေးမှူး(ဘဏ္ဍာရေး) ဒေါက်တာဟန်၀င်း၊ အငြိမ်းစား ပညာရှင်များဖြစ်ကြသော ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာထွန်းဖေ၊ သုတေသနမှူး(ငြိမ်း) ဒေါက်တာအေးအေးမြင့်၊ မြွေကိုက်သုတေသန ပညာရပ်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၃:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


Read July 2017 Events ...