THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


September 2017 Events


“Progress Update Meeting on Public Sector Hepatitis C Treatment” ကျင်းပခြင်း

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက် နံနက် ၁၀:၀၀ နာရီတွင် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ Progress Update Meeting on Public Sector Hepatitis C Treatment အစည်းအဝေးကို ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာ စာကြည့်တိုက်အစည်းအဝေးခန်းမ(၁) ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးဌေးတင်က အဖွင့် အမှာစကားပြောကြားပါသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာ ထွန်းတင်က အစည်းအဝေးကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး၊ အမျိုးသားအသည်းရောင် အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်မန်နေဂျာ ဒေါက်တာခင်စန္ဒာအောင်က ကုသရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ အသည်းရောင်အသားဝါစီပိုးကူးစက်ခံရသူများအား ကုသရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက်များတင်ပြပြီး တက်ရောက်လာသူများက ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေး ကြပါသည်။ အစည်းအဝေးသို့ အသည်းဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာခင်ပြုံးကြည်၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေးနှင့် သက်ဆိုင်ရာသုတေသီများ၊ ကုသရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးဌေးတင်၊ ဒေါက်တာဝင်းနိုင်ပါမောက္ခ/ဌာနမှူး ရင်ခေါင်းရောဂါ ဆေးပညာဌာန ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ Clinton Health Access Initiative (CHAI) မှ ဒေါက်တာ ဇာနည်ထွန်း၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီး (၇) ခုမှ တာဝန်ရှိသူများ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။



“Cancer Registry Software Application ထည့်သွင်းခြင်းနှင့် အသုံးပြုနည်းသင်တန်း”ဖွင့်လှစ်ပို့ချခြင်း

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက် နံနက် ၁၀:၀၀ နာရီတွင် Population based Cancer Registry အတွက်Mobile Software Application ထည့်သွင်းခြင်းနှင့် အသုံးပြုနည်း သင်တန်းကိုအဆင့်မြင့်မော်လီကျူး သုတေသနဌာန IT Training Room ၌ ပြုလုပ်ရာ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အဆိုပါ သင်တန်းကို နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာကောင်းမြတ်ရွှေနှင့် ဒေါက်တာစိုးမြတ်ဝင်းတို့က ဆွေးနွေးပို့ချပေးကြပြီး ဆေးသုတေသနဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စော အေးနှင့် သုတေသီ(၇)ဦး တက်ရောက် ခဲ့ကြပါသည်။


သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပခြင်း “Human Rights of Ex-Hansen Patients in Myanmar (3rd International Hansen Forum)” & “Regional Training on Nutritional Status Assessment (SEAMEO-RECFOM)”

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် သုတေသနပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ဆေးသုတေသနဦးစီးဌာန လူမှုဆေးပညာသုတေသနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် သဘာပတိအဖြစ် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာ သိင်္ဂီသွင်က ဆောင်ရွက်ပြီး မိတ်ဆက် အမှာစကား ပြောကြားပါသည်။ ထို့နောက် စမ်းသပ်ဆေးပညာသုတေသန ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ ဌာနခွဲမှူး ဒေါက်တာအေးအေးဝင်းက “Human Rights of Ex-Hansen Patients in Myanmar (3rd International Hansen Forum)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သုတေသနမှူး ဒေါက်တာနွေးထိုက်မော်က “Regional Training on Nutritional Status Assessment (SEAMEO-RECFOM)” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောတင်ပြကြရာ တက်ရောက် လာကြသူများက စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ဆေးသုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေးနှင့် ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ စုစုပေါင်း( ၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။



“Promoting Environmental Health in Arsenic Contaminated area in Myanmar Project”: 2nd Joint Coordination Meeting ကျင်းပပြုလုပ်ခြင်း

၂၀၁၇ ခုနှစ် စက်တင်ဘာ ၄ ရက် နံနက် ၁၀:၀၀ နာရီတွင် ဂျပန်နိုင်ငံ မီယာဇာကီတက္ကသိုလ်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Promoting Environmental Health in Arsenic Contaminated area in Myanmar Project နှင့် ပတ်သက်၍ ဒုတိယအကြိမ် ကွင်းဆင်းဆောင်ရွက်ခဲ့သော ကျေးရွာ(၇)ရွာရှိ သောက်သုံးရေတွင်းများမှ အာဆင်း နစ်တိုင်းတာ တွေ့ရှိမှု ရလဒ်များကိုတင်ပြခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် သုတေသနစီမံချက်များအတွက် 2nd Joint Coordination Meeting ကို ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာ စာကြည့်တိုက်အစည်း အဝေးခန်းမ(၁) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် ဂျပန်နိုင်ငံ မီယာဇာကီတက္ကသိုလ်မှ Professor Yoshitaka Hishikawa တို့က သဘာပတိများအဖြစ် ဆောင်ရွက်ပြီး အမှာစကား ပြောကြားခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများက တစ်ဦးချင်းမိတ်ဆက် စကားပြောကြားပြီး၊ ဆေးသုတေသနဦးစီးဌာန အမျိုးသားအဆိပ်ထိန်းချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ဖြူဖြူက Promoting Environmental Health in Arsenic Contaminated Area in Myanmar Project နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ စီမံချက်မန်နေဂျာ Asst. Prof. Yasunori Yano က Safe Water Supply Part၊ ဆေးသုတေသနဦးစီးဌာန ဆေးဝါးဗေဒသုတေသနဌာနခွဲမှ သုတေသနအရာရှိ ဒေါက်တာမျိုးနန္ဒအောင်က Awareness Activity for Villagers၊ ဓာတုအဆိပ်ဗေဒ သုတေသနဌာနခွဲမှ သုတေသနအရာရှိ ဒေါက်တာဖြိုးဝေဇင်က Medical Examination Part တို့ကို ရှင်းလင်း တင်ပြကြပြီး၊ Asst. Prof. Yasunori Yano က Future Activity Plan ကိုရှင်းလင်းတင်ပြပါသည်။

အစည်းအဝေးတွင် ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သုတေသီများ၊ ပါမောက္ခ ဒေါက်တာခင်မောင်လွင် Advisor for Public Health Domain, ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ Steering Committee Member, Water Supply and Sanitation Collaborative Council, Geneva၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာခိုင်ခိုင်ဇော် အရေပြားရောဂါပညာဌာန၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာဝင်းမင်းသစ် ဦးနှောက်နှင့်အာရုံကြောဆေးကုဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာချိုမာကောင်းမြတ် လူမှုဆက်ဆံရေးနှင့် အပြုအမူပိုင်းဆိုင်ရာပညာဌာန၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း ပတ်ဝန်းကျင် သန့်ရှင်းမှုဆိုင်ရာ ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်ထွန်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဖိတ်ကြားထားသူများ၊ ဂျပန်နိုင်ငံ မီယာဇာကီတက္ကသိုလ် Department of Public Health မှ Prof. Yoshiki Kuroda၊ Prof. Masahino Amano၊ Department of Internal Medicine မှ Dr. Hitoshi Mochizuki၊ Assistant Professor Yasunori Yano၊ Ms. Yuka Yamamoto တို့တက်ရောက်ကြပြီး သုတေသနစီမံချက်နှင့်ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးအပြီးတွင် တက်ရောက်လာသူများအား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။


ကိုရီးယားသမ္မတနိုင်ငံ KOICA မှ Project Evaluation Team လာရောက်ခြင်း

၂၀၁၇ ခုနှစ် စက်တင်ဘာ ၄ ရက် ညနေ ၃:၃၀ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ KOICA ရုံးချုပ်မှ Mr. Sangwoo Tak ဦးဆောင်သော KOICA Project Evaluation Team သည် KOICA အထောက်အပံ့ ဖြင့် ဆောင်ရွက်ထားသော အဆင့်မြင့်မော်လီကျုးသုတေသနဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို လေ့လာ အကဲဖြတ်ရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်ဖြင့် ဆေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်အား ဇီဝဆေးပညာသုတေသနအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာ လှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများ၊ KOICA Project Evaluation Team မှအဖွဲ့ဝင် များဖြစ်သော Mr. Seonghan Kim, Ms. Jeyoun Jang, Ms. Sukyung Kim တို့လည်း တက်ရောက်ခဲ့ကြပါ သည်။ ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က မိတ်ဆက်အမှာ စကားပြောကြားပြီး၊ KOICA Project Evaluation Team ခေါင်းဆောင် Mr. Sangwoo Tak က ယခုအကြိမ်လာရောက်ခြင်းသည် ELRCD Project Post Evaluation အတွက် ဒုတိယအကြိမ်လာရောက် ခြင်းဖြစ်ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ Effectiveness, Import, Sustainability, Cross Cutting Issues များကို အသေးစိတ် လေ့လာသုံးသပ်သွားမှာဖြစ်ကြောင်းနှင့် တွေ့ရှိချက်များကို Joint Evaluation Seminar ပြုလုပ်ကာ နှစ်ဦးနှစ်ဖက်အပြန်အလှန်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။



ဆေးသုတေသနဦးစီးဌာန ပြင်ပသုတေသီ သုတေသန ရန်ပုံငွေထောက်ပံ့ကြေး စိစစ်ရေးကော်မတီ အစည်းအဝေးကျင်းပခြင်း

၂၀၁၇ ခုနှစ် စက်တင်ဘာ ၅ ရက် နံနက် ၁၀:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ပြင်ပသုတေသီ သုတေသနရန်ပုံငွေထောက်ပံ့ကြေးစိစစ်ရေးကော်မတီအစည်းအဝေးကို ဇီဝဆေးပညာ သုတေသန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့် တက်ရောက် ၍ အမှာစကားပြောကြားရာတွင် ဆေးသုတေသနဦးစီးဌာန ပြင်ပသုတေသီ သုတေသန ရန်ပုံငွေထောက်ပံ့ကြေး စိစစ်ရေးကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းကြောင်း၊ ယခုနှစ် DMR External Grant အတွက် စုစုပေါင်း ကျပ်သန်း ၁၅၀ ရရှိကြောင်း၊ Basic Research နှင့် Clinical Research များကို ဦးစားပေးရွေးချယ်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။ ထို့နောက် အဖွဲ့အတွင်းရေးမှူး ဒေါက်တာစောစော၊ ညွှန်ကြားရေးမှူး(စီမံကိန်း) က ၂၀၁၇-၁၈ External Grant အတွက် သုတေသန အဆိုပြုလွှာများအား စိစစ်ရွေးချယ်ခြင်းနှင့် ပတ်သက်၍ တင်ပြပါသည်။ ထို့နောက် တွဲဖက် အတွင်းရေးမှူးဒေါက်တာမို့မို့လှိုင်က သုတေသနအဆိုပြုလွှာ(၂၄၀) အားတင်ပြ ရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် သုတေသီ ပညာရှင်များသည် Reviewer များက ပေးပို့ထားသော စာမူများအတွက် Grading များနှင့်ဆိုင်ရာInstitute/ Department များကို စိစစ်ကြပြီး သုတေသန အဆိုပြုလွှာ (၁၀၃)ခုအားရွေးချယ်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးသို့ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် ပြင်ပသုတေသီ သုတေသနရန်ပုံငွေထောက်ပံ့ကြေး စိစစ်ရေးကော်မတီအဖွဲ့ဝင် စုစုပေါင်း(၄၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ ၅:၀၀ နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။


C/CAN 2025: City Cancer Challenge, Technical Group 4 အစည်းအဝေးကျင်းပခြင်း

၂၀၁၇ ခုနှစ် စက်တင်ဘာ ၅ ရက် ညနေ ၃:၀၀ နာရီတွင် C/CAN 2025: City Cancer Challenge, Yangon City Technical Committee, Technical Group 4 ၏အစည်းအဝေးကို ဆေးသုတေသနဦးစီးဌာန လူမှုဆေးပညာ သုတေသနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ Technical Group 4 Leader ပါမောက္ခဒေါက်တာရင်ရင်ထွန်း၊ ဥက္ကဌ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက အမှာစကားပြောကြား ပါသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားကြပြီး မြို့ကြီးများနှင့် ကင်ဆာ ၂၀၂၅ အစီအစဉ်၊ မြို့ကြီးများရင်ဆိုင်ကြုံတွေ့နေရသည့် ကင်ဆာရောဂါဆိုင်ရာစိန်ခေါ် မှုများနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဌေးဌေးဝင်း၊ ဒေါက်တာခင်သီရိ (Leader, Pun Yaung Hnin Si Breast Cancer Patient Support Group, Yangon) နှင့် ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်း၊ Myanmar Leukaemia Lymphoma Society (MLLS)၊ Golden Hands of Hope Parents Group, Yangon Children's Hospital တို့မှတာဝန်ရှိသူများ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၊ Department of Medical Oncology, Department of Radiation Oncology, Department of Haemato-Oncology, ရန်ကုန် ကလေးဆေးရုံကြီး၊ ပင်လုံဆေးရုံကြီး၊ ဗဟိုစည်ဆေးရုံကြီး တို့မှတာဝန်ရှိသူများ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။


DLI Verification: Oversight Committee အစည်းအဝေးကျင်းပခြင်း

၂၀၁၇ စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာ စာကြည့်တိုက်အစည်းအဝေးခန်းမ(၁) ၌ DLI Verification: Oversight Committee Meeting ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများ၊ ဆေးသုတေသနဦးစီးဌာန DLI Verification Team အဖွဲ့ဝင်များ၊ Oversight Committee ဥက္ကဌ ဒေါက်တာ တင်ညွန့်နှင့် အဖွဲ့ဝင်များ စုစုပေါင်း (၄၅)ဦးတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန DLI Verification Team Member ဒေါက်တာမျိုးမျိုးမွန်က Spot check of Essential Health Services Access Project Year 2 Achievement of Disbursement Linked Indicators နှင့်ပတ်သက်၍ Level တခုချင်းစီအလိုက် ရှင်းလင်းတင်ပြရာ Oversight Committee အဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်း ဆွေးနွေးကြပါသည်။ ထို့နောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသော ဆေးသုတေသနဦးစီးဌာန DLI Verification Team အဖွဲ့ဝင်များက တွေ့ကြုံခဲ့ရသည့် လုပ်ငန်းလိုအပ်ချက်များ၊ အခက်အခဲများကိုတင်ပြကြရာ တက်ရောက် လာသူများက ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး အစည်းအဝေးကို ညနေ ၄:၂၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက်အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်းအစီအစဉ် (Knowledge Sharing Program) အရ ပညာရပ်ဆိုင်ရာ ဟောပြောပွဲအခမ်းအနား ကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ (၁) တွင် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၇ ရက် နေ့လယ် ၁:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ကူးစက်ရောဂါဗေဒသုတေသန ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသီတာက သဘာပတိအဖြစ်လည်းကောင်း၊ ဇီဝဆေးပညာစာကြည့် တိုက်ဌာနခွဲမှ စာကြည့်တိုက်လက်ထောက်(၂) ဒေါ်အေးမိစံက အခမ်းအနားမှူးအဖြစ်လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာသိင်္ဂီသွင်က “The Role of Gut Microbiota in Health” ခေါင်းစဉ်ဖြင့် တင်ပြခဲ့ရာ တက်ရောက် လာသူ ဝန်ထမ်းများက သိလို သည်များကို စိတ်ဝင်စားစွာမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာပညာရှင်များကလည်း ဖြည့်စွက်အကြံပြုဆွေး နွေးခဲ့ကြပါသည်။ အထက်ပါ ဟောပြောပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူ နှင့် ညွှန်ကြားရေးမှူး အဖွဲ့ဝင်များ အပါအဝင်ဝန်ထမ်း စုစုပေါင်း (၈၈) ဦး တက်ရောက်ခဲ့ကြပါသည်။


Read August 2017 Events ...