THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


December 2017 Events


ကျန်းမာရေးဆိုင်ရာစီမံချက်/လုပ်ငန်းအကောင်အထည်ဖော်ခြင်းဆိုင်ရာ သုတေသနအလုပ်ရုံဆွေးနွေးပွဲ (Implementation Research Development Workshop) ကျင်းပခြင်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၅ ရက် နံနက် ၈:၃၀ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသု တေသနဦးစီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပူပိုင်းဒေသဆိုင်ရာ ရောဂါများနှင့် ပတ်သက်သည့် သုတေသန (WHO/Tropical Diseases Research) ၏ အရှေ့တောင် အာရှ ဒေသတွင်း လေ့ကျင့်သင်ကြားရေးတက္ကသိုလ် ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ Gadjah Mada University တို့ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာစီမံချက်/လုပ်ငန်း အကောင်အထည်ဖော်ခြင်းဆိုင်ရာ သုတေသနအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ Summit Park View Hotel ၌ ကျင်းပပြုလုပ်ရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဇင်သန့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ သုတေသီများ၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ဆေးတက္ကသိုလ်များ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန် အသင်းတို့မှ တာဝန်ရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံ Gadjah Mada University, Faculty of Medicine မှ Dr. Yodi Mahendradhata, Vice Dean for Research & Development၊ Dr. Riris Andono Ahmad, Director, Center of Tropical Medicine နှင့် Universitas Sebelas Maret, Surakarta, Faculty of Medicine မှ Dr. Ari Natalia Probandari, Director of Doctoral Program in Public Health တို့အပါအဝင် စုစုပေါင်း (၅၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် Implementation Research သဘောတရားများနှင့် လက်တွေ့ နည်းပညာ များကို ပြည်တွင်း၊ ပြည်ပ သုတေသီပညာရှင်များက သင်ကြားပို့ချပေးခြင်း၊ သင်တန်းသား များက အုပ်စုခွဲ၍ Implementation Research ဆိုင်ရာသဘောတရားများကို အပြန်အလှန် ဝေဖန်ဆွေးနွေးကြခြင်း၊ သုတေသန စီမံချက်များရေးဆွဲခြင်းတို့ကို ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်နေ့ အထိ ဆောင်ရွက်ခဲ့ကြပါသည်။

ဤအလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးသုတေသန ဦးစီးဌာနမှ သုတေသီများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှိရောဂါနှိမ်နင်းရေးစီမံချက်များမှ တာဝန်ရှိသူများ၊ အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အပူပိုင်းဒေသဆိုင်ရာရောဂါများ ဖြစ်ကြ သည့် တီဘီရောဂါ၊ ငှက်ဖျားရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ အနာကြီးရောဂါနှင့် သံကောင်ရောဂါစီမံချက် များ၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကာ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ စီမံချက်/လုပ်ငန်း အကောင်အထည် ဖော်ခြင်း ဆိုင်ရာ သုတေသနလုပ်ငန်းများ လုပ်ဆောင်စေရန်ဖြစ်သည်။

ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲမှရရှိသော အတွေ့အကြုံများကို အပူပိုင်းဒေသဆိုင်ရာ ရောဂါများသာမက မြန်မာနိုင်ငံရှိ အခြားကျန်းမာရေးပြဿနာများ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အကောင် အထည်ဖော်ခြင်းဆိုင်ရာ သုတေသနများ ဆောင်ရွက်သည့်အခါ အသုံးချနိုင်ရန်ရည်ရွယ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းဖြင့် သုတေသီများ၏သုတေသနစွမ်းဆောင်ရည်ကို ပိုမိုမြင့်မားစေကာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူများနှင့် သုတေသီများအကြား အချင်းချင်း ကွန်ရက်သဖွယ် ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေမည်ဖြစ်ပါသည်။



ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပပြုလုပ်ခြင်း “Vector Control Methods”& “Medical Laboratory Technician Grade I သင်တန်းအတွေ့အကြုံများ”

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက်အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်းအစီအစဉ်(Knowledge Sharing Program)အရ ပညာရပ်ဆိုင်ရာ ဟောပြောပွဲအခမ်းအနား ကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁)တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်ပါအခမ်းအနားတွင် ဓါတ်ခွဲခန်းတိရစ္ဆာန်မွေးမြူရေးဌာနခွဲ မှ သုတေသနမှူးဒေါ်ဌေးရီက သဘာပတိအဖြစ်လည်းကောင်း၊ ဘတ်ဂျက်နှင့် ငွေစာရင်းဌာနခွဲမှ စာရင်းကိုင်(၂) ဒေါ်စန္ဒာဝင်းက အခမ်းအနားမှူးအဖြစ်လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ဆေးဘက်ဆိုင်ရာ ကိမိလဗေဒ သုတေသနဌာနခွဲမှ သုတေသနမှူး ဒေါက်တာမြနီလာချောစုက “Vector Control Methods” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကူးစက်ရောဂါဗေဒသုတေသနဌာနခွဲမှ လျှပ်/စက်ကျွမ်းကျင်(၃) ဒေါ်နွယ်နွယ်ကျော်က “Medical Laboratory Technician Grade I သင်တန်းအတွေ့အကြုံများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။ တက်ရောက်လာသူ ဝန်ထမ်းများက သိလိုသည်များကိုစိတ်ဝင်စားစွာ မေးမြန်းခဲ့ ကြပြီး သက်ဆိုင်ရာ ပညာရှင်များမှလည်း ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အထက်ပါဟောပြောပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)/ကျွမ်းကျင်သူ ဒေါက်တာခင်လင်းနှင့် ညွှန်ကြားရေးမှူး အဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း(၆၁) ဦးတက်ရောက်ခဲ့ကြပါသည်။


USAID/ EQUIP မှ ပညာရှင်များ လာရောက်တွေ့ဆုံခြင်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၁:၂၀ နာရီတွင် USAID/ EQUIP မှ Charles Simion Chasela, Chief Scientific Officer နှင့် အဖွဲ့သည် ဆေးသုတေသနဦးစီးဌာန၏ သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူအား ဇီဝဆေးပညာသုတေသနအစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ဆေးသု တေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာခင်ပြုံးကြည်၊ USAID/ EQUIP မှ Fadzai Marange, Chief Laboratory Technical Specialist နှင့် CPI, MLF တို့မှတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ဆေးသုတေသနဦးစီးဌာန ရောဂါပြီးဗေဒ သုတေသနဌာနခွဲတွင် USAID/ EQUIP, CPI, MLF နှင့် ပူးပေါင်းဆောင်ရွက်မည့် သုတေသနလုပ်ငန်း “Demonstration Project on Assessment of Simplified Antiviral Treatment Strategy for Hepatitis C in Myanmar” နှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။



အမေရိကန်ပြည်ထောင်စု Centers for Disease Control and Prevention မှ Dr. Jacqueline Tate အားလက်ခံတွေ့ဆုံခြင်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၀:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်သည် အမေရိကန်ပြည်ထောင်စု Centers for Disease Control and Prevention မှ Dr. Jacqueline Tate, Rotavirus Epidemiology Team Lead (Acting) Division of Viral Diseases နှင့် Dr. Talia Pindyck, EIS Officer, Division of Viral Diseases တို့အား ဇီဝဆေးပညာသုတေသန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေးနှင့် ညွှန်ကြားရေးမှူး များ၊ သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူးများ တက်ရောက်ခဲ့ကြပြီး သုတေသနဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြပါသည်။



စင်္ကာပူသမ္မတနိုင်ငံ Thermo Fisher Scientific Pte Ltd မှ Managing Director နှင့် အဖွဲ့အားလက်ခံတွေ့ဆုံခြင်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ရက် နံနက် ၁၀:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာခင်စောအေးသည် စင်္ကာပူသမ္မတနိုင်ငံ Thermo Fisher Scientific Pte Ltd မှ Managing Director Ravi Shastri ဦးဆောင်သောအဖွဲ့အား လူမှုဆေးပညာသုတေသနဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာခင်ဖြူဖြူ၊ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာဝါဝါအောင် နှင့် ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာဝင်းပပနိုင် တို့လည်းတက်ရောက်ခဲ့ကြပြီး၊ Thermo Fisher Scientific Pte Ltd မှ Managing Director Ravi Shastri က သုတေသနဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများအကြောင်း မိတ်ဆက်တင်ပြ ပါသည်။


“2017 Health Facility Assessment for Reproductive Health Commodities and Services, Research Finding Dissemination” အခမ်းအနားကျင်းပပြုလုပ်ခြင်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် နံနက် ၉:၀၀ နာရီတွင် “2017 Health Facility Assessment for Reproductive Health Commodities and Services, Research Finding Dissemination” ဖွင့်ပွဲအခမ်း အနားကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေး ခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က အဖွင့် အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြင်ဦးလွင်ရုံးခွဲ (တာဝန်ခံ) ဒုတိယ ညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး ဦးဆောင်သော ညွှန်ကြားရေးမှူးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ ဆေးသုတေသန ဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)မှ အရာထမ်းများစုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ပြီး နံနက် ၉:၃၀ အချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။

အခမ်းအနားပြီးဆုံးချိန်တွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကြပြီး အဆိုပါ “2017 Health Facility Assessment for Reproductive Health Commodities and Services, Research Finding Dissemination” အခမ်းအနားကို ညနေ ၄:၀၀ နာရီထိ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။


ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီအစည်းအဝေးကျင်းပခြင်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် နံနက် ၉:၀၀ တွင် ဆေးသုတေသန ဦးစီးဌာနလူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာကျင့်ဝတ်ကော်မတီ အစည်းအဝေးကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁) တွင် ကျင်းပရာ ကျင့်ဝတ်ကော်မတီဥက္ကဌ ပါမောက္ခဒေါက်တာဖေသက်ခင်၊ ဒုတိယဥက္ကဌ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် ကျင့်ဝတ်ကော်မတီအဖွဲ့ဝင်များ၊ သုတေသန အဆိုပြုလွှာတင်ပြမည့် သုတေသီများနှင့် Primary Reviewer များစုစုပေါင်း ၂၇ ဦးတက် ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် သုတေသနစာတမ်း ၁၅ စောင်ကို သုတေသန ကျင့်ဝတ်ဆိုင်ရာ ငြိစွန်းမှုမှ ကင်းရှင်းမှုရှိ/မရှိကို ဆွေးနွေးအကြံပြုကြပါသည်။

၎င်းအစည်းအဝေးကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁)တွင် (၂၈.၁၂.၂၀၁၇) ရက်နေ့နှင့် (၂၉.၁၂.၂၀၁၇) ရက်နေ့တို့၌ နံနက် ၉:၀၀ နာရီတွင် စတင်ကျင်းပပြီးညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


Myanmar Health Research Registry ပထမအကြိမ်ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁:၃၀ နာရီတွင် Myanmar Health Research Registry ပထမအကြိမ် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ဆေးသုတေသနဦးစီးဌာန ဇီဝဆေးပညာသုတေသနအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာမို့မို့ထွန်းက Myanmar Health Research Registry ၏ Home page တွင်ပါဝင်သော အချက်များကို မိတ်ဆက်ရှင်းလင်းတင်ပြပါသည်။ အဆိုပါအစည်းအဝေးသို့ ဆေးတက္ကသိုလ်(၁)ရန်ကုန် မှ ပါမောက္ခများ၊ ဆေးသုတေသနဦးစီးဌာန ကွန်ပျူတာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြ၍ Register ပြုလုပ်ခြင်း၊ အသုံးပြုခြင်းများကို ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၂:၃၀ နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။