THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


January 2018 Events


ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာနှင့် ပင့်သံဃာတော်အပါး ၁၈၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနားကျင်းပခြင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ကြည်ညို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ကြီးမှူး၍ သာသနာတော်နှစ် ၂၅၆၁ ခုနှစ် ရွှေတိဂုံစေတီ တော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေ ကဇာတင်မဟာမင်္ဂလာနှင့် ပင့်သံဃာတော် အပါး၁၈၀၀၀ အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း မင်္ဂလာအခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၆:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ကြည်ညို၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌနှင့် သီတဂူဆရာတော်ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော် ၄၅ ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်ဇနီးတို့သည် ရွှေတိဂုံစေတီတော် တောင် ဘက်မုခ်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မင်္ဂလာမဏ္ဍပ်၌ ကြွရောက်တော် မူလာကြသည့် ပင့်သံဃာ တော် အပါး ၄၅၀၀ အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြပါသည်။ အဆိုပါ လှူဒါန်း ပွဲသို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် ဇနီး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းလွင်နှင့် ဝန်ထမ်းများ၊ ဆေးရုံအုပ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးဝင်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူ များတက်ရောက်ကြ၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြပါသည်။ အဆိုပါဆွမ်းဆန် စိမ်းလောင်းလှူပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နဝကမ္မအလှူငွေကျပ်သိန်းကိုးဆယ်နှင့်လှူဖွယ် ဝတ္ထုပစ္စည်းခြင်း(၅၀) တန်ဖိုးကျပ်ဆယ်သိန်း၊ စုစုပေါင်းကျပ်သိန်းတစ်ရာကို လောင်းလှူခဲ့ပါသည်။



 


ကျန်းမာဖျတ်လတ်သော သက်ကြီးရွယ်အိုဘဝကို လူတိုင်းပိုင်ဆိုင်ရရှိရေးနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများအား မြန်မာနိုင်ငံ၏ ရှုထောင့်အမြင်မှ ဆွေးနွေးခြင်း” စာတမ်းဖတ်ပွဲကျင်းပခြင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃ ရက် နံနက် ၉:၀၀ နာရီတွင် မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့မှ ကျင်းပသည့် “ကျန်းမာဖျတ်လတ်သော သက်ကြီးရွယ်အိုဘဝကို လူတိုင်းပိုင်ဆိုင်ရရှိနိုင်ရေးနှင့် သက်ကြီးရွယ်အိုစောင့်ရှောက် ရေးလုပ်ငန်းများအား မြန်မာနိုင်ငံ၏ ရှုထောင့်အမြင်မှဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့်စာတမ်းဖတ်ပွဲ Symposium on “Active Ageing and Geriatric Care; Myanmar Perspectives”ကို ဆေးသုတေသနဦးစီးဌာန အဆင့်မြင့်မော်လီကျူး သုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် “ကျန်းမာဖျတ်လတ်သော သက်ကြီးရွယ်အိုဘဝကို လူတိုင်းပိုင်ဆိုင်ရရှိ နိုင်ရေးနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများအား မြန်မာနိုင်ငံ၏ရှုထောင့်အမြင်မှဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲကို မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ကြီးက ဦးဆောင်ကျင်းပ ပေးသည့်အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း၊ စာတမ်းဖတ်ပွဲတွင် ပါဝင်သည့်ခေါင်းစဉ်များသည် သက်ကြီးရွယ်အို အရေအတွက် တဖြည်းဖြည်း များပြားလာလျက်ရှိသော မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၊ အချိန်အခါနှင့်လိုက်လျောညီထွေမှုရှိပြီး မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများအတွက် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထင်ဟပ်ပြသခြင်းလည်း ဖြစ်ပါကြောင်း၊ ပြည်သူများ၏ကျန်းမာရေးအသိပညာမြှင့်တင်၍ ငယ် ရွယ်စဉ် ကလေးဘဝကပင် ဘဝတစ်သက်တာ အားကစားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ် နေထိုင်တတ်သော အလေ့ အကျင့်နှင့် အဆီဓာတ်၊ အချိုဓာတ်၊ အငန်ဓာတ်လွန်ကဲသော အစားအသောက်များအား ရှောင်ကြဉ် စားသောက် တတ်သည့် အလေ့အကျင့်များကို မွေးမြူကျင့်သုံးစေရန် ဆောင်ရွက်ခြင်းမှတဆင့် အသက်အရွယ်ရလာသော အခါသွေးတိုး၊ နှလုံး၊ ဆီးချိုစသည့် မကူးစက်တတ်သောရောဂါများဖြစ်ပွားခြင်းကို ထိရောက်စွာလျော့ချ၍ ကျန်းမာဖျတ်လတ်သော သက်ကြီးရွယ်အိုဘဝကို လူတိုင်းရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ရရှိနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှလည်း မိခင်နှင့်ကလေးကျန်းမာရေးစီမံချက်၊ ဆယ်ကျော်သက်ကျန်းမာ ရေးစီမံချက်၊ ကူးစက်တတ်သောရောဂါများနှင့် မကူးစက်တတ်သော ရောဂါနှိမ်နင်းရေးစီမံချက် စသည်တို့ဖြင့် ငယ်ရွယ်စဉ်မှ လူလတ်၊ လူကြီးပိုင်းအထိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုယခုထက် ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တစ်ဘက်မှလည်း မကျန်းမာသော၊ အားနည်းသော သက်ကြီးရွယ် အိုများကို ပြုစုစောင့်ရှောက်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစရှိသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီးများ၊ ပြည်သူလူထုအခြေပြုအဖွဲ့အစည်းများနှင့် ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ဖြစ်ပြီး သက်ကြီးရွယ်အိုများကို ဆေးပညာရပ်ဆိုင်ရာရှုထောင့်၊ လူမှုရေးဆိုင်ရာရှုထောင့်၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ရှုထောင့်များမှ ပြုစုစောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း၊ ယခု စာတမ်း ဖတ်ပွဲမှတဆင့် မြန်မာနိုင်ငံရှိသက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကဏ္ဍအတွက် လိုအပ်ချက်များနှင့် ရှေ့ဆက် လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို မီးမောင်းထိုးပြသကဲ့သို့ ဆွေးနွေးပွဲမှပေါ်ထွက်လာသော ဆွေးနွေးချက် ရလဒ်များကို အလေးအနက်ထား၍ ယခုတက်ရောက်လာသော ပညာရှင်ကြီးများ အပါအဝင် အားလုံးနှင့် အတူ တကွပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ဥက္ကဌ ပါမောက္ခ ဒေါက်တာနေဝင်းတို့က အသီးသီးအမှာစကားပြောကြားခဲ့ ပါသည်။ ဆွေးနွေးပွဲ သဘာပတိများအဖြစ် ပါမောက္ခဒေါက်တာသိန်းသိန်းမြင့်၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာမြင့်ဟန်တို့က ဆောင်ရွက်ခဲ့ကြပြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တွဲဖက်ပါမောက္ခ ဒေါက်တာမင်းဇော်ဦးက “Health and Active Ageing” အကြောင်းကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်က “Social Services of Elderly: Care and Support ”နှင့် ညွှန်ကြားရေးမှူး ဦးကျော်လင်းက “Legal Instrument and Program for Older People in Myanmar” အကြောင်းကိုလည်းကောင်း၊ ထိုင်းနိုင်ငံ Faculty of Medicine, Siriraj Hospital, Mahidol University, Bangkok မှ Professor Prasert Assantachai, Head of Division of Geriatric Medicine က “Acute Hospital Care of Elderly Patients in Thailand” ကိုလည်းကောင်း၊ စင်္ကာပူသမ္မတနိုင်ငံ Changi General Hospital မှ Senior Geriatrician, Dr. David Yong က “Long term Care of Elderly Patients in Community in Singapore” အကြောင်းကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်က “Elderly Care Activities in Community” ကို လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သက်ကြီးရွယ်အိုဆေးကုဌာနမှ ပါမောက္ခဒေါက်တာသန်းဝင်းညွန့် က “Geriatric Medicine in Myanmar Now and the Future” အကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း သက်ကြီးဆရာဝန်များထောက်ကူအဖွဲ့အမှုဆောင် ဒေါက်တာကြည်မေသိမ်းက “မြန်မာနိုင်ငံ သက်ကြီးစောင့်ရှောက်ရေး လူမှုအဖွဲ့အစည်းကွန်ရက် (Myanmar Ageing Network)” တို့အား အသီးသီး တင်ပြကြရာ တက်ရောက်လာသူများက ပါဝင်ဆွေးနွေးကြပါသည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်နှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် UNICEF တို့မှ ဧည့်သည်တော်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သတင်းမီဒီယာနှင့် စာနယ်ဇင်းများမှ ပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ(၂၅၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။



(၄၆) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကျင်းပခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (၄၆) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံကို ဆေးသုတေသနဦးစီးဌာနတွင် ၈.၁.၂၀၁၈ (တနင်္လာနေ့) မှ ၁၂.၁.၂၀၁၈ (သောကြာနေ့) အထိ နေ့စဉ် နံနက် ၈:၃၀ နာရီ မှ ညနေ ၅:၀၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ညီလာခံဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက်နေ့တွင် အဆင့်မြင့်မော်လီကျူးသုတေသနဌာန အစည်း အဝေးခန်းမ(၂)၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်နှင့် နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကာကွယ်ရေးဝန်ကြီး ဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံခြားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင်သုတေသီများ၊ လုပ်ငန်းကော်မတီဝင်များနှင့်စာတမ်းရှင်များ၊ ဖိတ်ကြားထားသူများ၊ အမေရိကန်၊ အင်္ဂလန်၊ အိုင်ယာလန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ကိုလံဘီယာ၊ ပေါ်တူဂီ၊ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ သုတေသီများ စုစုပေါင်း (၄၅၀)ခန့် တက်ရောက် ခဲ့ကြပါသည်၊၊

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့် အမှာစကားပြောကြားရာတွင် ယခုညီလာခံကြီးသည် သုတေသနပညာရှင်များအကြား၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို စီမံခန့်ခွဲသူများအကြားနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ တာဝန်ရှိသူများအကြား တွင် အလွန်ထိရောက်သော အသိပညာနှင့် အတွေ့အကြုံဖလှယ်သည့် ညီလာခံကြီးပင်ဖြစ်ပါကြောင်း၊ ယခု ညီလာခံ၏ ဆောင်ပုဒ်ဖြစ်သော "ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ရေး၊ စောစီးစွာရောဂါရှာဖွေ၍ ကုသမှု ခံယူနိုင်ရေး၊ ကင်ဆာရောဂါဖြစ်ပွားသော်လည်း အသက်မသေဆုံးစေရေး"မှာ မကူးစက်တတ်သောရောဂါများ အဖြစ်များနေသည့် မိမိတို့နိုင်ငံ၏ လိုအပ်ချက်အခြေအနေ အချိန်အခါနှင့် အထူးသင့်လျော်ပါကြောင်း၊ မကြာမီက မြန်မာနိုင်ငံကျန်းမာရေးသုတေသနဆိုင်ရာမူဝါဒကိုလည်း နိုင်ငံတော်အစိုးရအဖွဲ့မှ အတည်ပြုပေးပြီးဖြစ်၍ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၏ ရှေ့လုပ်ငန်းစဉ်နှင့် မူဘောင်အတွက် လမ်းပြသဖွယ်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများသည် ဆေးသုတေသနဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာဝန်များသာ ပြုလုပ်ရမည့်ကိစ္စမဟုတ်ဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ မဟုတ်သော ဘဏ္ဍာရေးပညာရှင်များ၊အင်ဂျင်နီယာများ၊ စီမံခန့်ခွဲသူများအပါအဝင် သုတေသနကိုစိတ်ပါဝင်စား သောဝန်ထမ်း အားလုံးနှင့်သက်ဆိုင်၍ ပြုလုပ်နိုင်သည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ဆေးသုတေသန ဦးစီးဌာန၏ ပူးပေါင်းပံ့ပိုး ကူညီမှုဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ကြမည်ဖြစ်ပြီး၊ လုပ်ငန်း ဆောင်ရွက်နိုင်မည့် သုတေသနရန်ပုံ ငွေထောက်ပံ့ပေးမှုအပါအဝင် လုပ်ငန်းခွင်တွင်း သုတေသနများ ဆောင်ရွက်နိုင်ရန်ကိုလည်း တတ်နိုင်သမျှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သုတေသနလုပ်ငန်းများတိုးတက်ဆောင်ရွက်ခြင်း အားဖြင့် သုတေသနပြုလုပ်သူတွင် ခွဲခြမ်းစိတ်ဖြာ သုံးသပ်၍ တွေးခေါ်တတ်ခြင်းစသည့် အရည်အချင်းများ ပိုမိုတိုး တက်လာမည့်အပြင် သုတေသနပြုလုပ်သည့်ပညာရပ်ဆိုင်ရာနှင့် လက်တွေ့ လုပ်ငန်းခွင်များတွင် ယခုထက် ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ရမည့်အချက်များကိုလည်း သိရှိလာမည်ဖြစ်ပါကြောင်း၊ ပြည်တွင်း ပြည်ပမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့ရရှိထားသော နားလည်မှုစာချွန်လွှာ မူဘောင်အတွင်းမှ သုတေသနလုပ်ငန်းဆောင်ရွက်ခြင်းကို ယခုထက်ပိုမိုတိုးတက် ဆောင်ရွက်စေလိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြုလုပ်သော သုတေသနများအပါအဝင် ပြည်တွင်း၌ပြုလုပ်သော မည်သည့် သုတေသနလုပ်ငန်းမဆို တရားဝင်ဖွဲ့စည်းထားသော သုတေသနဆိုင်ရာကျင့်ဝတ်ကော်မတီများ၏ အတည်ပြုချက်ကို ရယူဆောင်ရွက်မှသာလျှင် ကျင့်ဝတ်နှင့်အညီဆောင်ရွက်ခြင်းဖြစ်၍ တွေ့ရှိချက်များ၊ ထောက်ခံ ချက်များကို ရေးသားဖော်ပြထုတ်ဝေရာတွင် တရားဝင်မည်ဖြစ်ပါကြောင်း၊ လက်ရှိပြုလုပ်ပြီးသော သုတေသနများ ကို စနစ်တကျမှတ်တမ်းတင်ထားရှိပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ်၍ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် သုတေသနလုပ်ငန်း နယ်ပယ်များကိုလည်း ဦးစားပေးရွေးချယ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သုတေသနပြုလုပ်ခြင်းအားဖြင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြီးတစ်ရပ်လုံး ယခုထက် ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီးလူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage) နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals) ဆီသို့ရောက်ရှိစေရေးအားလုံး အတူတကွ ကြိုးပမ်းကြပါစို့ဟု ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ စာတမ်းရှင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် အတူ ဗဟိုဇီဝဆေးပညာစာကြည့်တိုက်၏ရှေ့တွင် WHO Collaborating Centre for Research and Training on Malaria ဖွင့်ပွဲအခမ်းအနားသို့ ဆက်လက် တက်ရောက်ပြီး အဆိုပါ Centre ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်ပက်ဖြန်း ပေးခဲ့ ပါသည်၊၊ ထို့နောက် တက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခင်းကျင်းပြသထားသော သုတေသနပိုစတာပြပွဲ၊ ဆေးနှင့်ဆေးပစ္စည်းပြခန်း တို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်၊၊

(၄၆) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် သုတေသနစာတမ်းဖတ်ပွဲများကို ဗဟိုဇီဝဆေးပညာစာကြည့်တိုက် အစည်းအဝေးခန်းမ(၁)နှင့် လူမှုဆေးပညာသုတေသနဌာနအစည်း အဝေးခန်းမတို့တွင်လည်းကောင်း၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် သုတေသနဆိုင်ရာဟောပြောပွဲများကို အဆင့်မြင့်မော်လီကျူး သုတေသနဌာန အစည်းအဝေးခန်းမ(၂) နှင့် ဗဟိုဇီဝဆေးပညာ စာကြည့်တိုက်အပေါ်ထပ် ရှိ အစည်းအဝေးခန်းမ (၃)တို့၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုနှစ်(၄၆) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို “ကင်ဆာရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရန်၊ ဖြစ်ပွားမှုကို ဆောလျင်စွာသိရှိရန်၊ ထိရောက်စွာကုသရန်နှင့် ကင်ဆာရောဂါဖြင့်လည်း ဆက်လက်ရှင်သန်ရန်” (To Prevent, Detect, Treat & Live with Cancer) ဟူသော Congress Theme ဖြင့် စီစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။

ညီလာခံ၏စာတမ်းဖတ်ပွဲ ပထမနေ့တွင် သုတေသနစာတမ်းပေါင်း (၁၅) စောင်၊ ဒုတိယနေ့တွင် (၄၂) စောင်၊ တတိယနေ့တွင် (၂၁) စောင်၊ စတုတ္ထနေ့တွင် (၂၁) စောင်နှင့် ညီလာခံနောက်ဆုံးနေ့တွင် (၁၁) စောင်၊ စုစုပေါင်း (၁၁၀) စောင် တင်သွင်းဖတ်ကြားခဲ့ကြပါသည်။ သုတေသနပိုစတာ (၈၀) စောင်ကိုလည်း တင်သွင်း ပြသခဲ့ပြီး၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၁၁)ခုနှင့် သုတေသနဆိုင်ရာဟောပြောပွဲ (၁) ခုတို့ကို ပြည်တွင်းနှင့် အမေရိကန်၊ အင်္ဂလန်၊ အိုင်ယာလန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျပန်၊ ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ သုတေသီများက ဟောပြောတင်ပြကြရာ တက်ရောက်လာကြသည့် သုတေသီပညာရှင်များက စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ညီလာခံပိတ်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၂ ရက် (သောကြာနေ့) နေ့လယ် ၁၂:၃၀ နာရီတွင် ဗဟိုဇီဝဆေးပညာ စာကြည့်တိုက် အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က အမှာစကား ပြောကြားပြီး အခမ်းအနားကို နေ့လယ် ၁၂:၄၅ နာရီတွင် အောင်မြင်စွာရုပ်သိမ်းလိုက်ပါသည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကို ညနေ ၃:၀၀ နာရီတွင် အဆင့်မြင့် မော်လီကျူးသုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ အခမ်းအနားသဘာပတိ ဆေးသုတေသနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က အမှာစကားပြောကြားပြီး၊ အကောင်းဆုံး စာတမ်းများနှင့် အကောင်းဆုံးပိုစတာဆု ရွေးချယ်ရေးဆပ်ကော်မတီဥက္ကဌ ဆေးဝါးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာစန်းစန်းနွဲ့က ဆုရွေးချယ်ရေးအဖွဲ့၏အစီရင်ခံစာနှင့် သုံးသပ်ချက်များကို တင်ပြကာဆုရရှိသူများအား ကြေညာပါသည်။

(၄၆)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံတွင် အကောင်းဆုံး အခြေခံ သုတေသနစာတမ်းဆုကို ဒေါက်တာနွေးထိုက်မော်နှင့်အဖွဲ့၊ အကောင်းဆုံး လက်တွေ့အသုံးချသုတေသနစာတမ်း ဆုကို ဒေါက်တာကေသွယ်ဟန်နှင့်အဖွဲ့၊ အကောင်းဆုံး ကျန်းမာရေးစနစ်သုတေသနစာတမ်းဆုကို ဒေါက်တာ သက်နိုင်မောင်နှင့်အဖွဲ့၊ အကောင်းဆုံး သုတေသနပိုစတာဆုကို ဒေါက်တာစောစောနှင့်အဖွဲ့တို့က အသီးသီးရရှိ ကြပါသည်။ လူငယ်သုတေသီဆုများချီးမြှင့်ရာတွင် အခြေခံ သုတေသနစာတမ်းဆုကို ဒေါက်တာအေးစုမွန်နှင့် အဖွဲ့၊ လက်တွေ့အသုံးချ သုတေသနစာတမ်းဆုကို ဒေါက်တာဇာခြည်မင်းနှင့်အဖွဲ့တို့က အသီးသီး ရရှိကြပါသည်။

ဆုရရှိသူများအား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၊ ခေတ္တညွှန် ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာမျိုးခင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာရဲထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာဝင်းအောင်၊ ဆုရွေးချယ်ရေး ဆပ်ကော်မတီ ဥက္ကဌ ဆေးဝါးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာစန်းစန်းနွဲ့၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာခေမာမြတို့က ဆုများ ကို ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ညနေ ၃:၄၅ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါ သည်။



 


သုတေသနညီလာခံဂုဏ်ပြုညစာစားပွဲကျင်းပခြင်း

(၄၆)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၈ရက် ညနေ ၆:၃၀ နာရီတွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်ရှိ Novotel Yangon Max ၊ Yangon Ballroom ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်နှင့် နှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံခြားအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ လုပ်ငန်းကော်မတီဝင် များ၊ စာတမ်းရှင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

ညစာစားပွဲအခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဂုဏ်ပြုအမှာစကားပြောကြားပါသည်။ ဧည့်သည်တော်များ ညစာသုံးဆောင်နေစဉ် ဆေးသုတေသန ဝန်ထမ်းများနှင့် ဧည့်သည်တော်များက တေးသံသာများ၊ အကများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခဲ့ ကြပါသည်။ ညစာသုံးဆောင်အပြီးတွင် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက တက်ရောက် လာသော နိုင်ငံခြားဧည့်သည်တော်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။


၂၀၁၈ ခုနှစ် (၇၀) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအားကစားနှင့် ပျော်ပွဲရွှင်ပွဲကျင်းပခြင်း

(၇၀) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဆေးသုတေသနဦးစီးဌာန မိသားစု အားကစားပြိုင်ပွဲနှင့် ပျော်ပွဲ ရွှင်ပွဲ အခမ်းအနား ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကျား/မ ဘောလုံးပြိုင်ပွဲ၊ ရုံးတွင်းပတ်ပြေးပွဲ၊ ကျား/မ လွန်ဆွဲပြိုင်ပွဲနှင့် သီချင်းအဆိုပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ရာ ဝန်ထမ်းများ တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ ကြပါသည်။

ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့် နှင့် ညွှန်ကြားရေးမှူးများက ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်၊၊ ဆက်လက်၍ အခမ်းအနားတက်ရောက်လာသူ များအား ဗလာမပါ ကံစမ်းမဲနှိုက်စေပြီး လက်ဆောင်ပစ္စည်းများ အမှတ်တရချီးမြှင့်ပြီးနောက် ဌာနခွဲအသီးသီးမှ လက်ဆောင်ပစ္စည်းများကို မဲနှိုက်ကာ အပြန်အလှန်လဲလှယ်ခဲ့ကြပါသည်။


Myanmar Health Research Registry Journal အယ်ဒီတာအဖွဲ့အစည်းအဝေးကျင်းပခြင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် Myanmar Health Research Journal အယ်ဒီတာအဖွဲ့အစည်းအဝေးကို ဆေးသုတေသနဦးစီးဌာန လူမှုဆေးပညာသုတေသန အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့် တက်ရောက်၍ သဘာပတိအဖြစ်ဆောင်ရွက်ပါသည်။ အဆိုပါအစည်းအဝေးသို့ ဆေးသုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာဝင်းအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေးနှင့် ညွှန်ကြားရေးမှူးများ၊ International Editorial Board Member များဖြစ်ကြသော Professor Shigeru Okada နှင့် Dr. Sun Dae Song၊ ဖိတ်ကြားထားသော အယ်ဒီတာအဖွဲ့ဝင်များ၊ စာကြည့်တိုက်နှင့် စာစောင် ထုတ်ပြန်ရေးဌာနခွဲမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ Associate Editor ဒေါက်တာနီသက်ဦးက အခမ်းအနားအစီအစဉ်များကို ဖတ်ကြားတင်ပြပါ သည်။ ထို့နောက် MHSR Journal Editor-in-Chief ဒေါက်တာကျော်ဇင်သန့်က အဖွင့်အမှာစကားပြောကြား ပါသည်။ ယင်းနောက် Editorial Manager ဒေါက်တာမို့မို့ထွန်းက ၂၀၁၆ ဩဂုတ် မှ ၂၀၁၇ ဒီဇင်ဘာ အတွင်း MHSR ဂျာနယ်နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိခဲ့မှုများကို တင်ပြပါသည်။ အစည်းအဝေးတွင် ဒေါက်တာ ကျော်ဇင်သန့်၊ Professor Shigeru Okada၊ Dr. Sun Dae Song နှင့် အယ်ဒီတာအဖွဲ့ဝင်များက ဂျာနယ် အဆင့်မြှင့်တင်ပြီး International Standard သို့ရောက်ရှိနိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါ သည်။ ဆက်လက်၍ ၂၀၁၈ ခုနှစ်အတွက် ဂျာနယ် အယ်ဒီတာ အဖွဲ့ဝင်များ၏အမည်စာရင်းကို အတည်ပြုနိုင်ရန် ဆွေးနွေးကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က နိဂုံးချုပ်အမှာစကား ပြော ကြားပြီး အစည်းအဝေးကို ညနေ ၃:၁၅ နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။


ဂျပန်နိုင်ငံ KUBOTA Corporation မှ General Manager Koichi TSUNODA အားလက်ခံတွေ့ဆုံခြင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၁:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်သည် မြန်မာနိုင်ငံအခြေစိုက် Amtt Co., Ltd. နှင့် မိတ်ဖက်ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံ KUBOTA Corporation မှ General Manager Koichi TSUNODA အား ဆေးသုတေသနဦးစီးဌာန လူမှုဆေးပညာ သုတေသန အစည်းအဝေးခန်း၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများ၊ Amtt Co., Ltd. မှမန်နေဂျာ ဒေါ်ဝင့်မြတ်သူတို့ တက်ရောက်ကြပြီး General Manager Koichi TSUNODA က KUBOTA Corporation အကြောင်းနှင့် ဓာတ်ခွဲခန်းစက်ကိရိယာများအကြောင်းကို မိတ်ဆက် ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့က သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။


ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့်အဖွဲ့လာရောက်တွေ့ဆုံဆွေးနွေးခြင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀:၀၀ နာရီတွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန် ဦးဆောင်သောအဖွဲ့သည် အနာကြီးရောဂါ သုတေသနလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးရန်ရည်ရွယ်ချက်ဖြင့် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် ညွှန်ကြားရေးမှူးအဖွဲ့အား ဇီဝဆေးပညာ သုတေသနအစည်းအဝေးခန်း၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ရှေးဦး စွာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် တက်ရောက်လာသူများက တစ်ဦးချင်းမိတ်ဆက် စကား ပြောကြားပြီး၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က လာရောက်တွေ့ ဆုံရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာ ခင်စောအေး၊ ညွှန်ကြားရေးမှူး(ငြိမ်း/ကျွမ်းကျင်) ဒေါက်တာခင်သက်ဝေနှင့် ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ သုတေသီများလည်း တက်ရောက်ခဲ့ပါသည်။ ထို့နောက် Technical Advisory Group (Leprosy) မှ ဒေါက်တာမောင်မောင်ကြီးက အနာကြီးရောဂါသုတေသနသမိုင်းကြောင်းနှင့် ကာကွယ်ကုသခဲ့ပုံ များကိုပြောကြား ပါသည်။ ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး Special Skin Clinic မှ ဒေါက်တာ လင်းထက်က အနာကြီးရောဂါဝေဒနာသည် တွေ့ရှိမှုနှင့်ရောဂါဖြစ်စဉ်များကိုတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြပါသည်။


“လူထုအခြေပြုကင်ဆာရောဂါမှတ်ပုံတင်ခြင်းရှေ့ပြေးသုတေသနစီမံချက်”လုပ်ငန်းတွင် အသုံးပြုခဲ့သော Cancer Registry Application ထည့်သွင်းထားသည့် Telephone သုံးစွဲမှုများအား ပြန်လည်ဆန်းစစ်ညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၈ ရက် နံနက် ၁၁:၀၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးသုတေသနဦးစီးဌာန၊ လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်သော “လူထုအခြေပြု ကင်ဆာရောဂါမှတ်ပုံတင်ခြင်း ရှေ့ပြေးသုတေသနစီမံချက်” လုပ်ငန်းတွင် အသုံးပြုခဲ့သည့် Cancer Registry Application ထည့်သွင်းထားသည့် Telephone သုံးစွဲမှုများ အား ပြန်လည်ဆန်းစစ်ညှိနှိုင်းဆွေးနွေးပွဲကို လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေး နှင့် သုတေသီပညာရှင်များ၊ လှည်းကူးမြို့နယ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရန်နိုင်ဆွေနှင့် သုတေသနလုပ်ငန်း တွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ (၂၅) ဦးခန့် တက် ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေး က သုတေသနလုပ်ငန်းစဉ်တွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော လှည်းကူးမြို့နယ်မှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရန်နိုင်ဆွေနှင့် ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုကျေးဇူးတင်စကားပြော ကြားပါသည်။ ထို့နောက် လှည်းကူးမြို့နယ်မှ ကျန်းမာရေးမှူးများ အသုံးပြုရန်အတွက် ပေးအပ်ခဲ့သည့် Cancer Registry Application ထည့်သွင်းထားသော တယ်လီဖုန်းများအား သုတေသနလုပ်ငန်းတွင် အသုံးပြုရာ၌ တွေ့ကြုံရသည့် အခက်အခဲအဆင်မပြေမှုများကို သိရှိလိုပါသဖြင့် မေးမြန်းစုံစမ်းလိုပါကြောင်း၊ ပွင့်ပွင့်လင်းလင်း ဖြေကြားပေးကြစေလိုကြောင်းပြောကြားပြီး၊ ဆေးသုတေသနဦးစီးဌာနမှ သုတေသီများက တစ်ဦးချင်းစီအား မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ မေးမြန်းဆွေးနွေးမှုအပြီးတွင် သုတေသနလုပ်ငန်းစဉ်၌ ပါဝင်ကူညီဆောင်ရွက် ပေးခဲ့ကြသည့် ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Cancer Registry Application ထည့်သွင်း ထားသော Telephone သုံးစွဲမှုများ ပြန်လည်ဆန်းစစ်ခဲ့ကြပါသည်။


မြွေကိုက်သုတေသနပညာရပ်ဆိုင်ရာအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀:၂၀ နာရီတွင် မြွေကိုက်သုတေသန ပညာရပ်ဆိုင်ရာအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဇီဝဆေးပညာသုတေသနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဗြိတိန်နိုင်ငံမှ Professor David Warrell, Emeritus Professor of Tropical Medicine, Nuffield Department of Clinical Medicine; Honorary Consultant Physician, Oxford University Hospitals Trust; Honorary Fellow, St. Cross College တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က မိတ်ဆက်အမှာစကားပြောကြားပါသည်။ ထို့နောက် မြွေကိုက် သုတေသနပညာရပ်ဆိုင်ရာအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူး ဒေါက်တာသက်သက်မာ က Snake-bite Research in DMR ကို ရှင်းလင်းတင်ပြပြီး၊ ညွှန်ကြားရေးမှူး(ဘဏ္ဍာရေး)ဒေါက်တာဟန်ဝင်း က Comparison of two beside methods for determination of whole-blood clotting times in assessing coagulopathy in Russell's viper bites ကို ဆက်လက်တင်ပြပါသည်။ ထို့နောက် Professor David Warrell နှင့် ဂုဏ်ထူးဆောင်သုတေသနပညာရှင် ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာထွန်းဖေတို့က အကြံပြု ဆွေးနွေး လမ်းညွှန်ခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး၊ ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူး(အထွေထွေစီမံခန့်ခွဲရေး) ဒေါက်တာတင်ဦး၊ ညွှန်ကြားရေးမှူး(ဘဏ္ဍာရေး) ဒေါက်တာဟန်ဝင်း၊ အငြိမ်းစား ပညာရှင်များ ဖြစ်ကြသော ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာထွန်းဖေ၊ သုတေသနမှူး (ငြိမ်း) ဒေါက်တာအေးအေးမြင့်၊ မြွေကိုက်သုတေသန ပညာရပ်ဆိုင်ရာအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ညနေ ၃:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


Solidiance Myanmar Office မှ Manager Naithy Cyriac နှင့်အဖွဲ့လာရောက်တွေ့ဆုံခြင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂:၁၅ နာရီတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်သည် Solidiance Myanmar Office မှ Manager Naithy Cyriac နှင့်အဖွဲ့အား ဇီဝဆေးပညာသုတေသန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယညွှန်ကြားရေး မှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး နှင့် ညွှန်ကြားရေးမှူးများ၊ လူမှုဆေးပညာ သုတေသနဌာနမှ သုတေသီများ၊ Solidiance Myanmar Office မှ Senior Consultant ဦးရှင်းသန့်အောင်နှင့် Analyst ဒေါ်ခိုင်ရီဖြိုးတို့လည်း တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က မိတ်ဆက်အမှာစကား ပြော ကြားပြီး Solidiance Myanmar Office မှ Senior Consultant ဦးရှင်းသန့်အောင်က Trends & Opportunities in Myanmar Healthcare Sector အကြောင်းကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ ကဝိုင်းဝန်းမေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ Manager Naithy Cyriac က Solidiance Myanmar ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး တွေ့ဆုံတင်ပြမှုကို ညနေ ၃:၃၀ နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။


သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပခြင်း “Duke Global Health Institute Partnership in Myanmar: New Opportunities for Expanded Collaboration” “Modeling Malaria Hotspots Using Satellite Images” & “Employing One Health Strategies to Detect Emerging Pathogen Threat in Asia”

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၁:၃၀ နာရီတွင် သုတေသနပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာစာကြည့်တိုက်အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် သဘာပတိအဖြစ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က ဆောင်ရွက်ပြီး မိတ်ဆက်အမှာစကားပြောကြားပါသည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု Duke Global Health Institute မှ Director, Professor Christopher V. Plowe, Professor of Medicine, Division of Infectious Diseases, Duke School of Medicine Duke University က “Duke Global Health Institute Partnership in Myanmar: New Opportunities for Expanded Collaboration” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ University of Maryland မှ Associate Professor Tatiana Loboda, Department of Geographical Sciences က “Modeling Malaria Hotspots Using Satellite Images” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Professor Gregory Gray, Professor, Duke Global Health Institute, Division of Infectious Diseases, Duke School of Medicine, Duke Nicholas School of Environment, Program in Emerging Infectious Diseases at Duke-NUS Medical School, Singapore, Professor in Global Health, Duke Kunshan University, China က “Employing One Health Strategies to Detect Emerging Pathogen Threat in Asia” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောတင်ပြကြ ရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့်ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေးနှင့် ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ စုစုပေါင်း(၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။


ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း “Childhood Cancer” & “အသားစစစ်ဆေးခြင်း”

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening)အထောက် အကူပြုဌာနတွင်း ဗဟုသုတမျှဝေခြင်းအစီအစဉ်(Knowledge Sharing Programme)အရ ပညာရပ်ဆိုင်ရာဟောပြောပွဲ အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၊ အစည်းအဝေးခန်းမ(၁)တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ လ ၂၄ ရက် မွန်းလွဲ (၁:၀၀)နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ဓါတ်ခွဲခန်းတိရစ္ဆာန် မွေးမြူရေးဌာနခွဲမှ သုတေသနမှူး ဒေါ်ဌေးရီက သဘာပတိအဖြစ်လည်းကောင်း၊ ဘတ်ဂျက်နှင့်ငွေစာရင်း ဌာနခွဲမှ စာရင်းကိုင်(၂) ဒေါ်စန္ဒာဝင်းက အခမ်းအနားမှူးအဖြစ်လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြ ပါသည်။

အဆိုပါဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ဘတ်တီးရီးယား ဗေဒသုတေသန ဌာနခွဲမှ သုတေသနအရာရှိဒေါက်တာတင်ဇာမျိုးဝင်းက “ Childhood Cancer ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရောဂါဗေဒသုတေသနဌာနခွဲမှ သုတေသနလက်ထောက်(၂) ဒေါ်သန်းသန်းမော်က “အသားစစစ်ဆေးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြခဲ့ကြပါသည်။ တက်ရောက်လာသူဝန်ထမ်းများမှ သိလိုသည်များကို စိတ်ဝင် စားစွာမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာပညာရှင်များကလည်း ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပါသည်။အထက်ပါ ဟောပြောပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း/ကျွမ်းကျင်) ဒေါက်တာခင်လင်းနှင့် ညွှန်ကြားရေးမှူးအဖွဲ့ ဝင်များ အပါအဝင် ဝန်ထမ်း(၈၃)ဦးတက်ရောက်ခဲ့ကြပါသည်။


ဓာတ်ခွဲခန်းမွမ်းမံပြင်ဆင်ပေးခြင်းနှင့်အဆင့်မြင့်မော်လီကျူးနည်းပညာ ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းကိရိယာများပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခြင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၁:၃၀ နာရီတွင် ဓာတ်ခွဲခန်းမွမ်းမံပြင်ဆင်ပေးခြင်းနှင့် အဆင့်မြင့် မော်လီကျူးနည်းပညာဓာတ်ခွဲခန်းသုံးစက်ပစ္စည်းကိရိယာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာ စာကြည့်တိုက် အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်နှင့် တာဝန်ရှိသူများ၊ Community Partners International(CPI)မှ Executive Director ဒေါက်တာစည်သူရနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ Community Partners International (CPI)မှ Executive Director ဒေါက်တာစည်သူရက အဖွင့် အမှာစကားပြောကြားပြီး၊ Chief of Party ဒေါက်တာယဉ်မင်းသောင်းက Hepatitis C Project နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်း၊ ဆေးသုတေသနဦးစီးဌာနတို့နှင့် သုတေသန ပူးပေါင်းဆောင်ရွက်နေမှုနှင့် ပေးအပ်လှူဒါန်းရခြင်းအကြောင်းကို အသေးစိတ် ရှင်းလင်း တင်ပြပါသည်။ ဆက်လက်၍ ဓာတ်ခွဲခန်းမွမ်းမံ ပြင်ဆင်ပေးခြင်းနှင့် အဆင့်မြင့် မော်လီကျူးနည်းပညာ ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းကိရိယာများ ပေးအပ်လှူဒါန်းခြင်း အထောက်အထား မှတ်တမ်းလွှာကို Community Partners International (CPI)မှ Executive Director ဒေါက်တာစည်သူရနှင့် ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာဝင်းပပနိုင်တို့က ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဇင်သန့်နှင့် မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်တို့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ခဲ့ကြပါသည်။ ထို့နောက် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူက ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားပြီး Executive Director ဒေါက်တာစည်သူရအား မှတ်တမ်းတင်ဂုဏ်ပြု ကျေးဇူးတင်လွှာကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသူများ စုပေါင်း၍ အမှတ် တရ ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။