THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


February 2018 Events


Institutional Meeting for TB/MDR-TB Research Capacity Building in South East Asia Funded by Fogarty International Center(FIC), NIH, US ကျင်းပပြုလုပ်ခြင်း

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် နံနက် ၈:၄၅ နာရီတွင် Institutional Meeting for TB/MDR-TB Research Capacity Building in South East Asia Funded by Fogarty International Center(FIC), NIH, US ကို ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာ စာကြည့်တိုက် အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြု လုပ်ရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် ထိုင်းနိုင်ငံ Prince of Songkla University မှ Professor Virasakdi Chongsuvivatwong, Curriculum Chairman, Epidemiology Unit, Faculty of Medicine တို့တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်ပါသည်။ ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး Professor Virasakdi Chongsuvivatwong က လာရောက် တွေ့ဆုံဆွေးနွေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် အစည်းအဝေး တက်ရောက်သူများ စုပေါင်း၍ အမှတ် တရ ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ အခမ်းအနားပြန်လည်စတင်ရာတွင် ဆေးသုတေသနဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေးက ညွန်ကြားရေးမှူးချုပ်ကိုယ်စား TB Research Priorities ကိုရှင်းလင်းတင်ပြပြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်မှ စီမံချက်မန်နေဂျာ၊ ဒေါက်တာစည်သူအောင်က "TB/MDR-TB Research Direction and the Area of Interest for Publication" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေးက "TB/MDR-TB Research Direction and the Area of Interest for Publication for DMR" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံ Mahidol University မှ Assoc. Prof. Angkana Chaiprasert က "The Overview and Objective of MICRO-MU and the Possibility of Conducting the Research and Publish together'' ကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် Prof. Virasakdi Chongsuvivatwong က the overview of EPI Training at PSU and How We will Work Together to Link EPI Short Course, MICRO-MU, MSc and PhD Alumni to Work Together အကြောင်းကိုလည်းကောင်း၊ Ms. Mekkla Thompson, Senior Study Director, Westat က Short Course Overview for Networking and TB Research Careers Development ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ Prince of Songkla University တွင် International Short Course TB Training တက်ရောက်ခဲ့ကြသည့် ဒေါက်တာကျော်ကိုကိုထက်၊ ဒေါက်တာကေသွယ်သွယ်မောင်၊ ဒေါ်မိမိထွေးနှင့် ဒေါက်တာ ညီညီဇေယျာတို့က TB Research Idea and Possibility of Collaboration on Future Research and Publication ကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။ ထို့နောက် အဆင့်မြင့်မော်လီကျူးသုတေသနဌာန၊ မော်လီကျူးနည်းပညာ အသုံးချရေးဌာနခွဲသို့ သွားရောက်လေ့လာကြရာ ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာဝါဝါအောင်က အဆင့်မြင့်မော်လီကျူး နည်းပညာအသုံးပြု၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု ကို ရှင်းလင်းပြသခဲ့ပါသည်။



သြစတြေးလျနိုင်ငံ University of South Australia မှ Dr. Brian Dale နှင့်အဖွဲ့လာရောက်တွေ့ဆုံခြင်း

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၁:၃၀ နာရီတွင်သြစတြေးလျနိုင်ငံ University of South Australia မှ Dr. Brian Dale, Program Director Laboratory Medicine, School of Pharmacy and Medical Sciences ဦးဆောင်သော အဖွဲ့ဝင်(၇)ဦးပါအဖွဲ့သည် ဆေးသုတေသနဦးစီးဌာန၏ လုပ်ငန်းများနှင့် သုတေသနဓာတ်ခွဲခန်းများကို လေ့လာရန် ရည်ရွယ်ချက်ဖြင့် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေးနှင့် ညွှန်ကြားရေးမှူးအဖွဲ့အား ဗဟိုဇီဝဆေးပညာစာကြည့်တိုက်အ စည်းအဝေးခန်းမ(၁)၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ/ ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခဒေါက်တာအေးအေးခင်တို့လည်း တက်ရောက် ခဲ့ကြပါသည်။ ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေးနှင့် ညွန်ကြားရေးမှူးများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားကြပြီး၊ ဒေါက်တာခင်စောအေးက ဆေးသုတေသနဦးစီးဌာနဖွဲ့စည်းပုံနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများအကြောင်းကို ရှင်းလင်းတင်ပြရာ ဧည့်သည်အဖွဲ့က သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထိုနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး သည် ဧည့်သည်အဖွဲ့နှင့်စုပေါင်း၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် ဧည့်သည်အဖွဲ့သည် အဆင့်မြင့်မော်လီကျူးသုတေသနဌာန၊ မော်လီကျူးနည်းပညာ အသုံးချရေးဌာနခွဲသို့ သွားရောက်လေ့လာကြရာ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာဝါဝါအောင်က အဆင့်မြင့် မော်လီကျူးနည်းပညာအသုံးပြု၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက် ဧည်သည်အဖွဲ့သည် မွန်းလွဲ ၂:၃၀ နာရီတွင် ပြန်လည် ထွက်ခွာသွားပါသည်။


သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပခြင်း “Training on G6PD and Dengue PCR” & “Addressing Newborn, Child and Adolescent Health Challenges in Asia and the Pacific through Operational Research”

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် သုတေသနပညာ ရပ်ဆိုင်ရာဟောပြောပွဲကို ဆေးသုတေသနဦးစီးဌာန လူမှုဆေးပညာသုတေသနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် သဘာပတိအဖြစ် ညွှန်ကြားရေးမှူး(လူမှုဆေး) ဒေါက်တာစောစောက ဆောင်ရွက်ပြီး မိတ်ဆက်အမှာစကား ပြောကြားပါသည်။ ထို့နောက် လက်တွေ့ဆေးပညာသုတေသနဌာနခွဲမှ သုတေသနမှူး ဒေါက်တာဝင်းလဲ့မေက “Training on G6PD and Dengue PCR” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေး စနစ်သုတေသနဌာနခွဲ မှ သုတေသနအရာရှိ ဒေါက်တာအောင်ပြည့်ဖြိုးက “Addressing Newborn, Child and Adolescent Health Challenges in Asia and the Pacific through Operational Research”ခေါင်းစဉ်ဖြင့်လည်း ကောင်း အသီးသီးဟောပြောတင်ပြကြရာ တက်ရောက် လာကြသူများက စိတ်ပါဝင်စားစွာဖြင့် ဝိုင်းဝန်းဆွေးနွေး မေးမြန်းခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးများအပါအဝင် ဝန်ထမ်း( ၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။



ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပပြုလုပ်ခြင်း “Laboratory Diagnosis of Mycobacterium Tuberculosis”& “လူမှုဆက်နွယ်ရေး”

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက်အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်းအစီအစဉ် (Knowledge Sharing Program) အရ ပညာရပ်ဆိုင်ရာဟောပြောပွဲ အခမ်း အနားကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေး ခန်းမ(၁)တွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်ပါ အခမ်းအနားတွင် ရောဂါဗေဒသုတေသန ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူး ဒေါက်တာခင်မိုးအောင်က သဘာပတိအဖြစ်လည်းကောင်း၊ စီမံခန့် ခွဲရေးဌာနခွဲမှ ပုံနှိပ်ကျွမ်းကျင်(၂) ဒေါ်ခိုင်ခိုင်ဝင်းက အခမ်းအနားမှူးအဖြစ်လည်းကောင်း အသီးသီး ဆောင်ရွက် ခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ရောဂါဗေဒသုတေသန ဌာနခွဲမှ သုတေသနအရာရှိ ဒေါ်တင်မိုးခိုင်က “Laboratory Diagnosis of Mycobacterium Tuberculosis” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးဝါးဗေဒသုတေသနဌာနခွဲမှ ဓါတ်ခွဲကျွမ်းကျင်(၁) ဦးကျော်မင်းအောင်က “လူမှုဆက်နွယ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးတင်ပြကြရာ တက်ရောက်လာသူဝန်ထမ်းများက သိလိုသည်များကို စိတ်ဝင်စားစွာမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ ပညာရှင်များမှလည်း ဖြည့်စွက်အကြံပြု ဆွေးနွေး ခဲ့ကြပါသည်။ အထက်ပါ ဟောပြောပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း/ကျွမ်းကျင်) ဒေါက်တာခင်လင်းနှင့် ညွှန်ကြားရေးမှူး အဖွဲ့ဝင်များအပါအဝင် ဝန်ထမ်း(၆၆) ဦးတက်ရောက်ခဲ့ကြပါသည်။



သုတေသနအမူအကျင့်ကောင်းများ၊ သုတေသနကျင့်ဝတ်များနှင့်ပတ်သက်၍ သင်တန်းဆရာများအား သင်တန်းပို့ချခြင်း “TOT on Responsible Conduct of Research (RCR) and Research Ethics”

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန၊ လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီမှ ကြီးမှူးကျင်းပသော သုတေသနအမူအကျင့်ကောင်းများ၊ သုတေသနကျင့်ဝတ်များနှင့် ပတ်သက်၍ သင်တန်း ဆရာများအား သင်တန်းပို့ချခြင်း “Training of Trainer (TOT) on Responsible Conduct of Research (RCR) and Research Ethics”ဖွင့်ပွဲအခမ်းအနားအား အဆင့်မြင့်မော်လီကျူး သုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်များ၊ နှီးနွယ်တက္ကသိုလ် များမှ ပါမောက္ခချုပ်နှင့်ERC အဖွဲ့ဝင်များ၊ ဆေးသုတေသနဦးစီးဌာန လူပုဂ္ဂိုလ်များအပေါ်သုတေသန စမ်းသပ်မှုဆိုင်ရာကျင့်ဝတ်ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဖေသက်ခင်နှင့် အဖွဲ့ဝင်များ၊ ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်ဖိတ်ကြားထားသူများ စုစုပေါင်း (၉၀)ဦး ခန့်တက်ရောက်ခဲ့ကြပြီး နံနက် ၁၀:၀၀ နာရီတွင် အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ အခမ်းအနားအပြီးတွင် တက် ရောက်သူများစုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

ထို့နောက် ပထမနေ့သင်တန်းကို နံနက်၁၀:၁၅ နာရီတွင် စတင်ရာ ဆေးသုတေသနဦးစီးဌာန လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဖေသက်ခင်က “Introduction to the Responsible Conduct of Research (RCR) ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယ ညွန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူက “Ensuring Research Integrity and Prevention of Research Misconduct” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာခင်ဖြူဖြူက “Policies Regarding Safe Laboratory Practice” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဒေါက်တာဟန်ဝင်းက “Data Acquisition, Sharing and Ownership” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီအဖွဲ့ဝင် ဒေါက်တာမျိုးခင်က “Scientific Communication and Plagiarism” ခေါင်းစဉ် ဖြင့်လည်းကောင်း ဟောပြောပို့ချကြရာ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါ သည်။ ဆက်လက်၍ အမေးအဖြေကဏ္ဍကိုပြုလုပ်ရာ သဘာပတိများအဖြစ် ပါမောက္ခဒေါက်တာဖေသက်ခင်နှင့် ဒေါက်တာမျိုးခင်တို့က ဆောင်ရွက်ခဲ့ကြပြီး၊ အုပ်စုတစ်စုချင်းစီအလိုက် မေးခွန်းများကို ဖြေကြားထားမှုအား ရှင်းလင်းတင်ပြကြရာ ကျန်အုပ်စုများနှင့် တက်ရောက်သူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

သင်တန်းဒုတိယနေ့ကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉:၄၅ နာရီတွင် ဆက်လက်ကျင်းပရာ ကျင့်ဝတ် ကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဖေသက်ခင်က “Conflict of Interest in Biomedical Research” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျင့်ဝတ်ကော်မတီအဖွဲ့ဝင် ဒေါက်တာခင်သက်ဝေက “Research Mentoring” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးသုတေသန ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာ ခင်စောအေးက “Research Monitoring” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျင့်ဝတ်ကော်မတီအတွင်းရေးမှူး ဒေါက်တာယဉ်သက်နုဦးက “International Research Ethics”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာဝင်းပပနိုင်က “Authorship and Peer Review” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟော ပြောပို့ချခဲ့ကြပြီး၊ အမေးအဖြေကဏ္ဍကိုပြုလုပ်ရာ သဘာပတိများအဖြစ် ဒေါက်တာရဲထွဋ်နှင့် ဒေါက်တာ မြတ်ဘုန်းကျော်တို့က ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက်အုပ်စုတစ်စုချင်းစီအလိုက် အဖြေများအား ရှင်းလင်း တင်ပြကြရာ ကျန်အုပ်စုများမှ အဖွဲ့ဝင်များနှင့်တက်ရောက်သူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ကျင့်ဝတ်ကော်မတီအဖွဲ့ဝင် ဒေါက်တာရဲထွဋ်က “အိမ်အပြန်သိမှတ်စရာအချက်အလက်များ”ကို ရှင်းလင်းမှာ ကြားပါသည်။ ဆက်လက်၍ ကျင့်ဝတ် ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဖေသက်ခင်က သင်တန်းဆင်း လက်မှတ်များကို သင်တန်းတက်ရောက်သူများအား ပေးအပ်ချီးမြှင့်ပြီး ဆေးသုတေသနဦးစီးဌာန ညွန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က နိဂုံးချုပ်အမှာစကားပြောကြားကာ သင်တန်းကို ညနေ ၅:၃၀ နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။


Responsible Conduct of Research and Research Methodology Workshop ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

မြန်မာနိုင်ငံ၏ ကျန်းမာရေးသုတေသန လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အားပေးကူညီရန် အတွက် ဆေးသုတေသနဦးစီးဌာနမှ နှစ်စဉ်ဖွင့်လှစ်ပို့ချပေးသော “Responsible Conduct of Research and Research Methodology Workshop” ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၈:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က အဖွင့်အမှာ စကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဆေးသုတေသနဦးစီးဌာန( ပြင်ဦးလွင်ရုံးခွဲ) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေးနှင့် ညွှန်ကြားရေးမှူးအဖွဲ့ဝင်များ၊ ဆေးတက္ကသိုလ်(မန္တလေး)၊ သူနာပြုတက္ကသိုလ် (မန္တလေး)နှင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး) တို့မှ ပါမောက္ခချုပ်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းပို့ချမည့်သူများ၊ သင်တန်း ကြီးကြပ်ပံ့ပိုးသူများ၊ သင်တန်းသား/သူများ စုစုပေါင်း (၁၀၀) ကျော်ခန့် တက်ရောက်ပြီး နံနက် ၉:၃၀ နာရီတွင် အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ အခမ်းအနားအပြီးတွင် တက်ရောက်သူများ စုပေါင်း၍ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

ထို့နောက်ပထမနေ့ Responsible Conduct of Research သင်တန်းကို နံနက် ၉:၀၀ နာရီတွင် စတင် ရာ ဒေါက်တာခင်သက်ဝေက“What is Research?”၊ ဒေါက်တာလှိုင်မြတ်သူက “Research Misconduct”၊ ဒေါက်တာခင်သက်ဝေက “Research Mentoring”၊ ဒေါက်တာခင်လင်းက “Conflict of Interest in Research, Authorship and Peer Review” တို့ကိုလည်းကောင်း၊ ဒုတိယနေ့ နံနက် ၉:၀၀ နာရီတွင် ဒေါက်တာခင်စောအေးက “Research Monitoring”၊ ဒေါက်တာဟန်ဝင်းက “Data Acquisition, Data Sharing and Data Ownership”၊ ဒေါက်တာဝါဝါအောင်က “Policies Regarding Safe Laboratory Practice” တို့ကိုလည်းကောင်း သင်ကြားပို့ချခဲ့ကြပြီး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က “အိမ်အပြန်သိမှတ်စရာ အချက်အလက်များ”ကို ရှင်းလင်းမှာကြားခဲ့ပါသည်။ တတိယနေ့တွင် သုတေသနနည်း ပညာသင်တန်းကိုစတင်ရာ ဒေါက်တာမျိုးမျိုးမွန်က “Problem Identification, Analysis & Statement” နှင့် “Study Design”၊ ဒေါ်ချိုမာဦးက“Literature Search”၊ ဒေါက်တာအောင်ကျော်ကျော်က“Formulation of Objective and Hypothesis”၊ ဒေါက်တာမဉ္ဇူတင်အောင်က “Sampling and Sample Size” တို့ကိုလည်းကောင်း၊ စတုတ္ထနေ့တွင် ဒေါက်တာမို့မို့လှိုင်က“Variables”၊ ဒေါက်တာမိုးကျော်မြင့်က“Data Collection Methods”၊ ဒေါက်တာမို့မို့ထွန်းက “Reliability and Validity”၊ ဒေါက်တာယဉ်သက်နုဦးက “Research Ethics” နှင့် “Plan for Data Analysis & Choice of Statistical Test”၊ ဒေါက်တာခင်နှင်းပွင့်က “Writing Informed Consent Form”၊ ဒေါက်တာသဲမောင်မောင်က “Plan for Data Management” တို့ကိုလည်း ကောင်း၊ ပဉ္စမနေ့တွင် ဒေါက်တာတင်ဦးက “Data Presentation”၊ ဒေါက်တာသိင်္ဂီသွင်က “Preparation of Protocol”၊ ဒေါက်တာဝါဝါအောင်က “Preparation of Thesis” တို့ကိုလည်းကောင်း သင်ကြားပို့ချခဲ့ကြပါ သည်။ အဆိုပါ သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၉ ရက် မှ ၂၃ ရက် အထိဖြစ်ပြီး ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)၊ သူနာပြုတက္ကသိုလ်(မန္တလေး)၊ ဆေးဝါး တက္ကသိုလ် (ရန်ကုန်)၊ ဆေးဝါးတက္ကသိုလ်(မန္တလေး)၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် (ရန်ကုန်)၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)၊ အခြေခံကျန်းမာရေး တက္ကသိုလ် (မကွေး)၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)နှင့်( ပြင်ဦးလွင်ရုံးခွဲ) တို့မှ သင်တန်းသား/သူ (၄၄)ဦးနှင့်လေ့လာသူ(၁၉)ဦး စုစုပေါင်း (၆၃)ဦး တက်ရောက်ခဲ့ကြပါသည်။


မြန်မာနိုင်ငံအခြေစိုက် World Bank Group မှ လာရောက်တွေ့ဆုံဆွေးနွေးခြင်း

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၃:၀၀ နာရီတွင် မြန်မာနိုင်ငံအခြေစိုက် World Bank Group Myanmar မှ ဒေါက်တာနှင်းနှင်းပိုင်၊ Health Team Lead, Senior Human Development Specialist/ Coordinator for Health, Education, and Social Protection in Myanmar နှင့် အဖွဲ့သည် Myanmar Essential Health Services Access Project (EHSAP) Year 3, Disbursement Linked Indicators (DLIs) နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်အား လူမှုဆေးပညာ သုတေသန အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူး(ငြိမ်း/ကျွမ်းကျင်) ဒေါက်တာခင်သက်ဝေ၊ World Bank Group Myanmar မှ ဒေါက်တာနန်းမိုခမ်း (Human Development Specialist)၊ ဒေါက်တာ စည်သူ (Monitoring and Evaluation Consultant) တို့တက်ရောက်ခဲ့ကြပြီး Additional Financing for Myanmar Essential Health Services Access Project (P 160208)Year 3 နှင့် ပတ်သက်၍ ဆေးသု တေသနဦးစီးဌာနမှ ဆက်လက်ကူညီဆောင်ရွက်ပေးရေးနှင့် ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းခဲ့ကြ ပါသည်။


Meeting on Influenza Containment Committee and Influenza Sentinel Hospitals for Preparedness on Next Influenza Season ကျင်းပခြင်း

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ရက် နံနက် ၁၀:၀၀ နာရီတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ Influenza Containment Committee and Influenza Sentinel Hospitals for Preparedness on Next Influenza Season အစည်းအဝေးအား ဆေးသုတေသနဦးစီးဌာန အဆင့်မြင့် မော်လီကျူးသုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။ အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာ ရီရီမြင့်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာခေမာမြ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျွမ်းကျင်မှုဆိုင်ရာအကြံပေးပညာရှင် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း၊ မြန်မာနိုင်ငံကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost နှင့် ဖိတ်ကြားထားသူများ စုစုပေါင်း(၈၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေ ကိုယ် စားလှယ် Dr. Stephan Paul Jost က Influenza ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးပြီး၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ကူးစက်) ဒေါက်တာ သန်းထွန်းအောင်က Preparedness for next Influenza Season Based on Experiences of Influenza A pdm09 Events ခေါင်းစဉ်ဖြင့် တင်ပြပါ သည်။၊ ဆက်လက်၍ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာဌေးဌေးတင် က National Influenza Centre: NIC Preparation for next Influenza Season ခေါင်းစဉ်ဖြင့် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲတို့ ပူးပေါင်းကာ လာမည့်ရာသီ တုပ်ကွေးရောဂါကာလတွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝိုင်းဝန်းကူညီ ခဲ့ကြသူများအား ကျေးဇူးတင်စကားပြောကြားပါသည်။ ထို့နောက် ပါမောက္ခဒေါက်တာမိုးမိုးဆန်း၊ ပါမောက္ခ/ ဌာနမှူး( အပူပိုင်း/ကူးစက်ရောဂါပညာဌာန) ဆေးတက္ကသိုလ်(၁)က Preparedness for next Influenza Season: Clinical Case Management နှင့်ပတ်သက်၍တင်ပြပြီး ဆေးနှင့်ဆေးပစ္စည်းထောက်ပံ့ရေး ဆပ်ကော်မတီ၏ရာသီတုပ်ကွေးရောဂါအတွက် ဆေးနှင့်ဆေး ပစ္စည်းများ၊ ကာကွယ်ဆေးများ၊ ရောဂါကာကွယ် ရေးပစ္စည်းများနှင့် အခြားလိုအပ်သောပစ္စည်းများ လက်ခံရရှိထားမှုအခြေအနေ၊ သုံးစွဲမှုအခြေအနေတို့ကို ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဝယ်ယူ/ဖြန့်ဖြူး) ဒေါက်တာဝင်းနိုင်က ရှင်းလင်း တင်ပြပါသည်။ ဆက်လက်၍ ဝေဘာဂီအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ရာသီတုပ်ကွေးရောဂါအတွက် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြခဲ့ပါသည်။ ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျွမ်းကျင်မှုဆိုင်ရာ အကြံပေးပညာရှင် ပါမောက္ခဒေါက်တာ စိုးလွင်ငြိမ်းက လမ်းညွှန်အမှာစကားပြောကြားပြီး၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို မွန်းလွဲ ၁:၂၀ နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။