THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


April 2018 Events


မြန်မာနိုင်ငံအခြေစိုက် World Bank Group မှလာရောက်တွေ့ဆုံဆွေးနွေးခြင်း

၂၀၁၇ ခုနှစ် ဧပြီ ၄ ရက် နံနက် ၁၀:၂၀ နာရီတွင် မြန်မာနိုင်ငံအခြေစိုက် World Bank Group နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနတို့၏ Essential Health Services Access Project (EHSAP) Year 1, Disbursement Linked Indicators (DLIs)နှင့် ပတ်သက်၍ပထမ အကြိမ်ဆွေးနွေးပွဲကို ဆေးသုတေသနဦးစီးဌာန ဇီဝဆေးပညာ သုတေသနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က အမှာစကား ပြောကြားပြီး World Bank Group မှ ဒေါက်တာနှင်းနှင်းပိုင်၊ Senior Human Development Specialist/ Coordinator for Health, Education, and Social Protection in Myanmar က ဆေးသုတေသနဦးစီး ဌာန၏ ပူးပေါင်းဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်စကားပြောကြားပါသည်။ ထို့နောက် ညွှန်ကြားရေးမှူး (ငြိမ်း/ကျွမ်းကျင်) ဒေါက်တာခင်သက်ဝေက ပထမနှစ်အတွင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် တွေ့ကြုံခဲ့ရသည့် အခက်အခဲများကိုတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး Year 2 အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဧပြီ လ ၂၅ ရက်နေ့တွင် ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့်World Bank Group Myanmar မှ ဒေါက်တာနန်းမိုခမ်း Human Development Specialist၊ ဒေါက်တာစည်သူ Monitoring and Evaluation Consultant တို့တက်ရောက်ခဲ့ကြပါသည်။



Water Aid Myanmar မှ Country Director အဖွဲ့လာရောက်တွေ့ဆုံခြင်း

၂၀၁၇ ခုနှစ် ဧပြီ ၄ ရက် မွန်းလွဲ ၁:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်သည် Water Aid Myanmar မှ Country Director Penny Dutton နှင့် Program Coordinator ဒေါက်တာစိုပြေနိုင်တို့အား ဇီဝဆေးပညာ သုတေသန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေး နှင့် ညွှန်ကြားရေးမှူးများ၊ Focus Group Meeting on WASH in Health Care Facilities Assessment & Implementation တွင်တက်ရောက်ခဲ့သည့် သုတေသီ များလည်း တက်ရောက်ကြပြီး သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။



သြစတြေးလျနိုင်ငံ Queensland University of Technology (QUT) မှ Project Leader Dr. Francesca D. Frentiu အားလက်ခံတွေ့ဆုံခြင်း

၂၀၁၇ ခုနှစ် ဧပြီ ၅ ရက် နံနက် ၉:၄၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်သည် သြစတြေးလျနိုင်ငံ Queensland University of Technology (QUT) မှ Project Leader Dr. Francesca D. Frentiu နှင့် International Projects Officer Mr. David Kozar တို့ အား ဇီဝဆေးပညာသုတေသနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယညွှန် ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာ ခင်စောအေးနှင့် ညွှန်ကြားရေးမှူးများ၊ Queensland University of Technology (QUT) သို့ ပညာတော်သင်သွားခဲ့သည့် သုတေသီများ တက်ရောက်ခဲ့ကြပြီး သုတေသနလုပ်ငန်းများ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဧည့်သည် Dr. Francesca D. Frentiu နှင့် Mr. David Kozar တို့အား အဆင့်မြင့်မော်လီကျူးသုတေသနဌာန၊ မော်လီကျူးနည်းပညာ အသုံးချရေးဌာနခွဲ ရုံးခန်း၌ ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာဝါဝါအောင်က ဆေးသုတေသနဦးစီးဌာန၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ ဧည့်သည်အဖွဲ့က သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး Molecular Laboratory နှင့် Bio Safety Level (BSL) 2 plus ဓာတ်ခွဲခန်းတို့အား လှည့်လည်ကြည့်ရှု ခဲ့ကြပါသည်။



ဆေးပညာမဟာသိပ္ပံ(ရောဂါဗေဒ) ဘွဲ့လွန်ပထမနှစ်သင်တန်းသားများအား အဆင့်မြင့်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းနည်းပညာများကိုစာတွေ့လက်တွေ့သင်ကြားပို့ချမှုသင်တန်းဖွင့်လှစ်ခြင်း

၂၀၁၇ ခုနှစ် ဧပြီ ၆ ရက် နံနက် ၉:၃၀ နာရီတွင် ဆေးပညာမဟာသိပ္ပံ(ရောဂါဗေဒ) ဘွဲ့လွန်ပထမနှစ် သင်တန်းသားများအား အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနည်းပညာများကို စာတွေ့လက်တွေ့သင်ကြား ပို့ချမှုသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ဆေးသုတေသနဦးစီးဌာန လူမှုဆေးပညာသုတေသန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေးတက်ရောက်၍ အမှာစကား ပြောကြားပြီး ဆေးသုတေသန ဦးစီးဌာန၏ဖွဲ့စည်းပုံနှင့် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားပါသည်။

ထို့နောက်ညွှန်ကြားရေးမှူး(သုတေသန)ဒေါက်တာမို့မို့ထွန်းက “Recombinant DNA Technology and Molecular Cloning”၊ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာဝင်းပပနိုင်က “Application of Flow Cytometry: Leukemia/Lymphoma၊ Cytogenetics in Haematological Malignancy”၊ ရောဂါပြီးဗေဒသုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ ဌာနခွဲမှူး ဒေါက်တာအေးအေးလွင်က “Gene Sequencing”၊ သွေးအစီအစဉ်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ ဌာနခွဲမှူး ဒေါက်တာဇင်ဇင်သူက “HLA Typing”၊ နည်းပညာဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူး ဒေါက်တာမူမူရွှေက “HPV genotypes in Cervical Cancer”၊ ဓာတုအဆိပ်ဗေဒသုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ ဌာနခွဲမှူး ဒေါက်တာစန်းစန်းထွေးက “Serum Protein Electrophoresis”၊ အရည်အသွေး ထိန်းသိမ်း ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ ဌာနခွဲမှူး ဒေါက်တာယဉ်မင်းထွန်းက “Immunohistochemistry & Apoptosis”၊ စမ်းသပ်ဆေးပညာ သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ ဌာနခွဲမှူး ဒေါက်တာအေးအေးဝင်းက “Principle of PCR & Real Time PCR Method” တို့ကို အသီးသီး သင်ကြားပို့ချခဲ့ကြပါသည်။

ထို့အပြင်အဆိုပါ ဘွဲ့လွန်သင်တန်းသားများအား အဆင့်မြင့်မော်လီကျူးသုတေသနဌာနရှိ ဓာတ်ခွဲခန်းများအတွင်း လိုက်လံရှင်းလင်းပြသခြင်း၊ ရောဂါဗေဒသုတေသနဌာနခွဲ၊ ရောဂါပြီးဗေဒ သုတေသနဌာနခွဲ၊ သွေးသုတေသနဌာနခွဲနှင့် သွေးအစီအစဉ်ဌာနခွဲများသို့လှည့်လည်၍ ဓာတ်ခွဲခန်းအဆင့်မြင့်နည်း ပညာများကို လက်တွေ့သင်ကြားပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ယခုဖွင့်လှစ်ပို့ချသော သင်တန်းသို့ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ် (မကွေး)နှင့် တပ်မတော် ဆေးတက္ကသိုလ်တို့မှ သင်တန်းသား/သူ (၅၈) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၅) ရက် ကြာမြင့် ခဲ့ပါသည်။


သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပခြင်း

၂၀၁၇ ခုနှစ် ဧပြီ ၆ ရက် မွန်းလွဲ ၁:၃၀ နာရီတွင် သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကို ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာစာကြည့်တိုက် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါဟောပြောပွဲတွင် သဘာပတိအဖြစ် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာ ဝါဝါအောင်ကဆောင်ရွက်ပြီး မိတ်ဆက်အမှာ စကားပြောကြားပါသည်။ ထို့နောက်သြစတြေးလျနိုင်ငံ Queensland University of Technology (QUT) မှ Project Leader Dr. Francesca D. Frentiu က “My Research at QUT” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ International Projects Officer Mr. David Kozar က “Short Presentation on QUT's Faculty of Health” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြော တင်ပြကြရာ တက်ရောက်လာသူများ က စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ အဆိုပါ ဟောပြော ပွဲသို့ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေးနှင့် ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ ဆေးပညာမဟာသိပ္ပံ (ရောဂါဗေဒ) ဘွဲ့လွန် ပထမနှစ်သင်တန်း သားများ စုစုပေါင်း(၁၂၀) ဦးတက်ရောက်ခဲ့ကြပါသည်။

(၂၅) ကြိမ်မြောက် ဒုလ္လဘရဟန်းခံ၊ သီလရှင်ဝတ်အလှူတော်မင်္ဂလာကျင်းပခြင်း

ဆေးသုတေသနဦးစီးဌာန၏ (၂၅) ကြိမ်မြောက် ဒုလ္လဘရဟန်းခံသီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားကို ၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက် (တနင်္လာနေ့) တွင်ကျင်းပခဲ့ပါသည်။ ရှေးဦးစွာဒုလ္လဘရဟန်းလောင်း (၅) ပါးအား နံနက် ၆:၀၀ နာရီတွင် ဆံချ၊ သင်္ကန်းတောင်း၍ ရှင်သာမဏေပြုပေးပြီးနောက် နံနက် ၈:၀၀ နာရီ တွင် ရွှေတိဂုံဘုရားတောင်ဘက် ရဟန္တာသိမ်တော်ကြီး၌ မူလမင်းကွန်းဆရာတော် ဦးဝိလာသအားအမှူးပြု၍ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဆရာတော်ဦးသုမန(ပါမောက္ခ) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ကမ္ဘာအေး နှင့် သံဃာတော်များက ဥပသမ္ဗဒကံဆောင် ရဟန်းဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးတော်မူပါသည်။ ထို့နောက် နံနက် ၉:၃၀ နာရီ တွင် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်အမှူးပြု၍ အရာထမ်း၊ အမှုထမ်းမိသားစုများက သံဃာတော်များအား သိမ်ဆင်းလောင်းလှူခဲ့ကြပါသည်။

ထို့နောက် နံနက် ၁၀:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာ စာကြည့်တိုက် အစည်းအဝေးခန်းမ၌ ရေစက်ချတရားတော်နာ အခမ်းအနားကို ကျင်းပရာ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် မူလ မင်းကွန်းကျောင်းတိုက်မှ ပဓာနနာယက ဆရာတော်နှင့် ပင့်သံဃာတော်များ၊ ဒုလ္လဘရဟန်းများနှင့် သီလရှင်များ ကြွရောက်တော်မူကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ (အငြိမ်းစား)ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများစုံညီစွာ တက်ရောက် ကြည်ညိုကြပါသည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက“နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီးနောက် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော်ဦးသုမန (ပါမောက္ခ)၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ကမ္ဘာအေးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာ တော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် တော်မူကြပါသည်။ ထို့နောက် ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က ဆရာတော်၊ သံဃာတော်များထံ နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းရာ ညွှန်ကြားရေးမှူး (အထွေထွေစီမံခန့်ခွဲရေး) ဒေါက်တာတင်ဦးက လက်ခံရယူပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် မိသားစုဧည့်ပရိသတ်များက သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများကို ကိုယ်တိုင် ကိုယ်ကျ ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့နောက် ဆရာတော်ဦးသုမနက အနုမောဒနာတရား ချီးမြှင့် ဟောကြားတော်မူပြီး ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပါသည်။ ယင်းနောက် အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က ရွှေမိုးငွေမိုးကြဲပက်ဖျန်းကာ ဧည့်ပရိသတ်များက “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါသည်။

ယခုကျင်းပသောအခမ်းအနားတွင် ဒေါက်တာမောင်မောင်မြ၊ ဦးအေးသာ၊ ဦးထွန်းဝေ၊ ဦးတင်ဌေး၊ ဦးကျော်နိုင်ဝင်းတို့အား ဥပသမ္ဗဒကံဆောင်ရဟန်းဘောင်သို့ သွတ်သွင်းချီးမြှင့်၍ ဒေါ်ကေသီဇော်အား သမိဒ္ဓေါဒယသုခိတာ ရာမမြန်အောင်သီလရှင်စာသင်တိုက်တွင် သီလရှင်အဖြစ် ချီးမြှင့်ပေးနိုင်ခဲ့ပါသည်။


ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ဒုတိယအကြိမ်ဒုလ္လဘရဟန်းခံ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ခြင်း

၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက် နံနက် ၁၀:၃၀ နာရီတွင် ဒုတိယအကြိမ် ဒုလ္လဘရဟန်းခံ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ အောင်ကံသာဓမ္မရိပ်သာ ဆရာတော်ဦးရေဝတ အမှူးပြုသော သံဃာ တော် (၅)ပါး၊ ပြင်ဦးလွင်ရုံးခွဲ မှ ဒုလ္လဘရဟန်း (၃)ပါး၊ သီလရှင် (၅)ပါးတို့ ကြွရောက်ချီးမြှင့်ခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ ”သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်း များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်က လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း/ကျွမ်းကျင်) ဒေါက်တာခင်လင်းက အောင်ကံသာဓမ္မရိပ်သာ အတွက် နဝကမ္မအလှူငွေ ကျပ်တစ်သိန်းတိတိလှူဒါန်းခြင်း၊ ဆရာတော်ဦးရေဝတမှ အနုမောဒနာတရားနှင့် ရေစက်ချ တရားတော်များ ဟောကြားချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး နံနက် ၁၁:၃၀ နာရီတွင် “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အထက်ပါ သံဃာတော်များနှင့်သီလရှင်များအား ဝန်ထမ်းများမှ နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပါ သည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ခဲ့ကြပြီး ၀န်ထမ်းများ အားလုံးအား နေ့လယ်စာဒံပေါက်ဖြင့် ဧည့်ခံကျွေး မွေးခဲ့ပါသည်။


ဆေးသုမိသားစုအတာသင်္ကြန်နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကျင်းပခြင်း

ဆေးသုတေသနဦးစီးဌာနမိသားစု အတာသင်္ကြန်နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီ ၁၁ ရက် မွန်းလွဲ ၁:၀၀ နာရီ တွင် ဗဟိုဇီဝဆေးပညာ စာကြည့်တိုက် တိုးချဲ့ဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်အမှူးပြု၍ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲမှူးများနှင့် ဝန်ထမ်းများစုံညီစွာ တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ အခမ်းအနားမစတင်မီ ရွှေရင်အေးဖြင့်ဧည့်ခံကျွေးမွေးပြီး အရာထမ်း၊ အမှုထမ်းများ၊ မိသားစုဝင်များက သင်္ကြန်သီချင်းများ၊ ယိမ်းအက များဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ကြည့်ရှုအားပေးသူများက လက်ဆောင်ပန်းကုံးများ ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် ဝန်ထမ်းများနှင့် အတူတကွပျော်ရွှင်စွာ ရေပက်ကစားခဲ့ပြီး မန်းတောင် ရိပ်ခို တေးသီချင်းဖြင့် စုပေါင်းသီဆိုကခုန်ကြကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။


အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲကျင်းပခြင်း

၂၀၁၇ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်(တနင်္လာနေ့) ညနေ ၃:၀၀ နာရီတွင် ဆေးသုတေသန ဦးစီးဌာန ဗဟိုဇီဝဆေးပညာ စာကြည့်တိုက် အစည်းအဝေးခန်း၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကျင်းပခဲ့ရာ ရန်ကုန်မြို့ အိမ်တော်ရာ ဒဂုံပရိယတ္တိ စာသင်တိုက်၊ ဆရာတော် ဦးဝါယမ အမှူးပြု သောပင့်သံဃာ (၅)ပါး ကြွရောက်တော်မူကြပြီး၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူနှင့် ညွှန်ကြားရေးမှူးများ၊ ဌာနခွဲမှူးများတက်ရောက်၍ ဆရာတော် သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကာ အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြ ပါသည်။ ထို့နောက် ဆရာတော်သံဃာတော်များအား နဝကမ္မအလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ကပ်လှူကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

အလားတူ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၏ မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ် တရားတော်နာ အခမ်းအနားကို ၂၀၁၇ ခုနှစ် ဧပြီ ၁၇ ရက် နေ့လယ် ၁၂:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) စီမံခန့်ခွဲရေးဌာနခွဲ၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဒိုးပင်ပရဟိတကျောင်းမှ သံဃာတော် (၅)ပါး ကြွရောက်ချီးမြှင့်ခဲ့ပါသည်။ ရှေးဦးစွာ ဝန်ထမ်းမိသားစုများမှ ဘုရားအမှူးရှိသောရတနာသုံးပါးအား ရှိခိုးကန်တော့ပြီး ငါးပါးသီလခံယူ ဆောက်တည် ခဲ့ကြပါသည်။

ထို့နောက် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ပေးကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း/ကျွမ်းကျင်) ဒေါက်တာခင်လင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ စောမြတ်သွယ်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးခိုင်ထွန်းတို့က လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ဦးရာဇိန္ဒမှ ရေစက်ချအနုမောဒနာတရားဟောကြား၍ အခမ်းအနားကို မွန်းလွဲ ၁၂:၅၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အရာထမ်း/အမှုထမ်းစုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနား အပြီးတွင် တက်ရောက်လာကြသူများအား အချိုရည်ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။


မြန်မာနိုင်ငံအခြေစိုက် World Bank Group မှလာရောက်တွေ့ဆုံဆွေးနွေးခြင်း

၂၀၁၇ ခုနှစ် ဧပြီ ၂၅ ရက် မွန်းလွဲ ၁:၂၀ နာရီတွင် မြန်မာနိုင်ငံအခြေစိုက် World Bank Group နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနတို့၏Essential Health Services Access Project (EHSAP) Year 1, Disbursement Linked Indicators နှင့် ပတ်သက်၍ ဒုတိယအကြိမ်ညှိနှိုင်း ဆွေးနွေးပွဲကို ဆေးသုတေသနဦးစီးဌာန ဇီဝဆေးပညာ သုတေသန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူနှင့် ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ သုတေသီများ၊ World Bank Group မှ ဒေါက်တာနန်းမိုခမ်းနှင့် ဒေါက်တာစည်သူတို့ တက်ရောက်ကြပါသည်။

ရှေးဦးစွာဒေါက်တာနန်းမိုခမ်းက World Bank Group support to Health in Myanmar: EHSAP Achievement (Year 1) နှင့်ပတ်သက်၍ ပြန်လှန်သုံးသပ်တင်ပြပြီး (Year 2) အတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ဒေါက်တာစည်သူက Disbursement Linked Indicators Reporting and Verifications နှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူး (ငြိမ်း/ကျွမ်းကျင်) ဒေါက်တာခင်သက်ဝေနှင့် သုတေသီများက လိုအပ်သည်များကို မေးမြန်းဆွေးနွေးခဲ့ကြ ပါသည်။


“2017 Facility Assessment for Reproductive Health Commodities and Services Coordination Meeting”ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း

၂၀၁၇ ခုနှစ် ဧပြီ ၂၆ ရက် နံနက် ၉:၀၀ နာရီတွင် “2017 Facility Assessment for Reproductive Health Commodities and Services Coordination Meeting” ဖွင့်ပွဲအခမ်းအနားကို ဆေးသုတေသနဦးစီး ဌာန (ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေးက အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေး နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့် ဦးဆောင်သော ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပြည်နယ်တိုင်း ဒေသကြီးအသီးသီးရှိ ကိုယ်စား လှယ်များ၊ UNFPA မှတာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား/သူများ စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် တက်ရောက်လာသူများက Reproductive Health Commodities and Services နှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထို့နောက် ဆွေးနွေးချက်များကို အဖွဲ့နှင့်မှတ်တမ်းတင်ပြီး ဆက်လက်ရေးသားပြုစုမည့်အစီရင်ခံစာတွင် ထည့်သွင်းရေးသားရန် စုစည်းစီစဉ်ခဲ့ပါသည်။ ထို့နောက်အစည်းအဝေးကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။


“2017 Facility Assessment for Reproductive Health Commodities and Services Interviewer Training” ကျင်းပပြုလုပ်ခြင်း

၂၀၁၇ ခုနှစ် ဧပြီ ၂၇ ရက် နံနက် ၉:၀၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် UNFPA တို့ ပူးပေါင်းစီစဉ်သော “2017 Facility Assessment for Reproductive Health Commodities and Services Interviewer Training” အခမ်းအနားကို ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေး ခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)ဒေါက်တာ ဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက် ကူးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန)ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း/ကျွမ်းကျင်) ဒေါက်တာခင်လင်းနှင့် ညွှန်ကြားရေးမှူးများ၊ UNFPA မှ ကိုယ်စားလှယ်၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)မှ သုတေသနမှူး ဒေါက်တာမဉ္ဇူတင် အောင်က Survey Procedure, Informed Consent Process and Questionnaires ကိုရှင်းလင်း တင်ပြပြီး တက်ရောက်လာသူများအား အမေးအဖြေပြုလုပ်ခဲ့ပါသည်။ ထို့နောက် သုတေသနအရာရှိ ဒေါက်တာကျော်ကိုကို ထက်က Responsibilities of an Interviewer and Sampling Technique in the field၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိုးကျော်မြင့်နှင့် သုတေသနအရာရှိ ဒေါက်တာရတနာအောင်တို့က Field Experience and Problems Encountered in the Last Year Survey (Client Interview) တို့ကို ရှင်းလင်းပြသပြီး သင်တန်းသား/သူများအား ကွင်းဆင်းသုတေသန အချက်အလက်ကောက်ခံရာတွင် တွေ့ကြုံ ရမည့် အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေးစေပါသည်။ ဆက်လက်၍ ဒေါက်တာမိုးကျော်မြင့်က Brief on Drawing a Tour Plan and Administrative Procedure ၊ သုတေသနအရာရှိ ဒေါက်တာကျော်သူစိုးက Budget and Expenditure Statement များကိုရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများနှင့် စုပေါင်း ဝိုင်းဖွဲ့၍ ဆွေးနွေးမေးမြန်းညှိနှိုင်းကြပြီး သင်တန်းကို ညနေ ၃:၃၀ နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ အဆိုပါ သင်တန်းကို ဧပြီ ၂၇ ရက်နှင့် ၂၈ရက် (၂) ရက်တိုင်ကျင်းပခဲ့ပြီး ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ သင်တန်းသား/သူ (၅၀)ဦး တက်ရောက် ခဲ့ကြပါသည်။


“Three Arm Cluster Randomized Nutritional Status Assessment and Dietary Intervention and Gut Microbiome Study in Myanmar Young Children (7-24 Months)” စီမံချက်အစည်းအဝေးကျင်းပခြင်း

၂၀၁၇ခုနှစ် ဧပြီ ၂၇ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် “Three Arm Cluster Randomized Nutritional Status Assessment and Dietary Intervention and Gut Microbiome Study in Myanmar Young Children (7-24 Months)” စီမံချက်ဆိုင်ရာအစည်းအဝေးကို ဆေးသုတေသနဦးစီးဌာန၊ လူမှုဆေးပညာ သုတေသနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ် သူနှင့် ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာသိင်္ဂီသွင်၊ စင်္ကာပူနိုင်ငံ Danone Nutricia, Early Life Nutrition မှ Dr. Jacques G Bindels နှင့် ကုမ္ပဏီမှတာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန အာဟာရဓာတ် သုတေသန ဌာနခွဲမှ ဌာနခွဲမှူးနှင့် သုတေသီပညာရှင်များ တက်ရောက်ကြ၍ သုတေသနစီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။


“Southeast Asia Breast Cancer Symposium (2017)”အတွက်ညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

၂၀၁၇ ခုနှစ် ဧပြီ ၂၇ ရက် မွန်းလွဲ ၁:၃၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသု တေသနဦးစီးဌာနနှင့် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း(မြန်မာ)တို့ ပူးပေါင်းစီစဉ်သော Southeast Asia Breast Cancer Symposium (2017) ကျင်းပရန် ညှိနှိုင်းအစည်းအဝေးကို ဆေးသုတေသနဦးစီးဌာန ဇီဝဆေး ပညာသုတေသနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း ဥက္ကဌပါမောက္ခ ဒေါက်တာရင်ရင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ကင်ဆာ ဆေးပညာ အဖွဲ့ဥက္ကဌ ပါမောက္ခ ဒေါက်တာစိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာမို့မို့ထွန်း၊ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာဝင်းပပနိုင်နှင့် သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိဆေးတက္ကသိုလ်များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး၊ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ကျင်းပပြုလုပ်မည့် Southeast Asia Breast Cancer Symposium (2017) အလုပ်ရုံဆွေးနွေးပွဲ တက်ရောက် မည့်သူများအတွက် Registration Fee ပြင်ဆင်သတ်မှတ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ၌ တင်သွင်းပြသမည့် Abstract & Full Poster များကို မေလနောက်ဆုံးသီတင်းပတ်အတွင်းပေးပို့ရန်၊ လည်ဆွဲ၊ Name Card၊ လွယ်အိတ်၊ Program Book တို့နှင့် ပတ်သက်ပြီးဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။


ဓာတ်ခွဲခန်းနည်းပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပခြင်း

၂၀၁၇ ခုနှစ် ဧပြီ ၂၈ ရက် မွန်းလွဲ ၁:၃၀ နာရီတွင် ဓာတ်ခွဲခန်း နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာစာကြည့်တိုက်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် စင်္ကာပူနိုင်ငံ Mettler Toledo(S) Pte Ltd မှ Application Manager Mr. Bryan Yiew က “Application for (1) General Titrator (2) UV/Vis Spectorphotometer (3) Weight and Traceability (4) Introduction to LabX” ခေါင်းစဉ်ဖြင့် ဟောပြောတင်ပြရာ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ စုစုပေါင်း(၇၀) ဦး တက်ရောက်ခဲ့ကြပါသည်။